AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

by

in

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ
အောက်တိုဘာ ၂၈၊ ၂၀၂၄
ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ် အနီးတဝိုက်ကို စစ်ကောင်စီက အောက်တိုဘာ ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မောင်တောက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ ၅ ကို ရခိုင့်တပ်တော် AA က လနဲ့ချီ ပိတ်ဆို့ထားသလို အကြမ်းဖက်စစ်တပ်ကလည်း ရက်ခြားဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
“ဒီနေ့မနက်အစောပိုင်းမှာ ဂျက်လေယာဥ်နဲ့ ဗုံး၄လုံးတိတိလာကြဲတယ်။ ဂျက်တိုက်လေယာဥ် ဗုံးကြဲပီးလို့ မကြာခင်မှာ နောက်ထပ် Y12 လေယာဥ်နဲ့ ၅လုံးထပ်ကြဲချတယ်”လို့ နခခ အနီးမှာရှိတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ရခိုင့်တပ်တော် AA က နခခ ၅ ကို အပြီးသတ် ထိုးစစ်ဆင်နေသလို စစ်ကောင်စီကလည်း ဌာနချုပ် လက်မလွှတ်ရရေး လေကြောင်းတိုက်ခိုက်မှုတွေ သုံးကာ အသည်းအသန် ကာကွယ်နေတာပါ။
ဂွမြို့နယ် မြောက်ဘက်က ကျေးရွာတချို့မှာလည်း စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပွါးနေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုအပြင် ရေကြောင်းကနေပါ လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)