ပြင်ဦးလွင်သို့ တော်လှန်ရေးတပ်များ ချည်းကပ်လာပြီဖြစ်ပြီး စစ်ကောင်စီ၏ ဒေါက်တိုင်နှင့် စီးပွား‌ ရေးသမားများ၏ အချက်အလက်များ ပေးပို့ကြရန် SSTF က တောင်းခံ

by

in

ပြင်ဦးလွင်သို့ တော်လှန်ရေးတပ်များ ချည်းကပ်လာပြီဖြစ်ပြီး စစ်ကောင်စီ၏ ဒေါက်တိုင်နှင့် စီးပွား‌ ရေးသမားများ၏ အချက်အလက်များ ပေးပို့ကြရန် SSTF က တောင်းခံ

ရန်ကုန်၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်သော စီးပွား‌ရေး သမားများနှင့် ဒေါက်တိုင်များ၏ အချက် အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပြင်ဦးလွင် ပြည်သူ့ရဲတပ်ဖွဲ့က တောင်းခံလိုက်ပြီး သတင်းပေးသူများကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက် စစ်တပ်နှင့် အပေါင်းပါများဖြစ်သော ၎င်းတို့ကို ထောက်ပံ့ကူညီနေသည့် စီးပွား‌ရေးသမားများ၊ စစ်တပ် ထောက်တိုင်များ၊ စစ်တပ် သတင်းပေးများ၊ စစ်လော်ဘီများနှင့် ပျူစောထီးများကို တရားဥပဒေနှင့် အညီ အရေးယူပြီး ထိထိရောက်‌ရောက် အပြစ် ပေးရန် အချိန်ကျပြီဖြစ်ကြောင်း SSTF မှ တာဝန်ရှိသူ က ဆက်လက်ပြောဆိုသည်။

စစ်တပ်နှင့် ပတ်သက်ဆက်နွယ်သူများ၏ အချက်အလက်များကို ပေးပို့လာသူများအတွက် သတင်းအချက်အလက် ပေါ်မူတည်ပြီး ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပြင်ဦးလွင်မြို့ လွတ်မြောက်သည့်အခါ NUG အစိုးရ၏ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲ တပ်ဖွဲ့လက်အောက်ခံ SSTF (ပြင်ဦးလွင်) အထူးတပ်ဖွဲ့က ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“အကြမ်းဖက် စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်တဲ့ သူတွေရဲ့ သတင်းအချက်အလက်တွေ သူတို့ရဲ့ လှုပ်ရှားသွားလာမှုတွေကို ကျနော်တို့ ချစ်ရတဲ့ ပြည်သူတွေအနေနဲ့ အလေးထား စောင့်ကြည့်ပြီး သိထားသမျှ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို ကျနော်တို့ page ရဲ့ chat box မှာ ဖြစ်ဖြစ်၊ Telegram link ကို နှိပ်ပြီးတော့ ဖြစ်ဖြစ် လုံခြုံစိတ်ချစွာ ပေးပို့ထားနိုင်ပါတယ်” ဟု ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF) မှ တာဝန်ရှိသူက ရှင်းပြသည်။

သတင်းပေးပို့လိုသည့် ပြည်သူများ အနေဖြင့် t.me/SSTFMyanmarAdmin တယ်လီဂရမ်ကို ဆက်သွယ်နိုင်ပြီး https://www.facebook.com/…/Pyin-Oo…/100072466938866/… Facebook Page ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြင်ဦးလွင်မြို့အနီးသို့ ချဥ်းကပ်လာနေပြီး အိုးအိမ်စွန့်ခွာ ထားရစ်၍ ရှောင်ပြေးကြမည့် ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းခိုးယူရန် ကြံစည်နေသော အဖွဲ့များကိုလည်း စောင့်ကြည့် တားဆီးနိုင်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF) မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။