ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က သိမ်းပိုက်ရရှိ၊ ပန်ဝါမှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိ

by

in

ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က သိမ်းပိုက်ရရှိ၊ ပန်ဝါမှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များအပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်သော ပန်ဝါမြို့မှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
“လက်နက်ကြီးငယ်က ၅၀၀ ကျော်တယ်။ ခဲယမ်းတွေကတော့ ရေတွက်လို့ကို မကုန်ဘူး။ များချက်က ရက်စက်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက လက်ရှိတွင် ကန်ပိုက်တီးမြို့တွင် လက်နက်ခဲယမ်းနှင့်စစ်အင်အားတချို့ ဖြည့်တင်းနေကြောင်း သိရှိရသည်။