မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရှင်းလင်း

by

in

မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရှင်းလင်း
ရန်ကုန်၊ အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘလယ်ဒိုကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် ကာကင်းစခန်း ၃ ခုမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက် သိမ်းပိုက်ရှင်းလင်းလိုက်ခဲ့ကြောင်း Cobra Column 2 Venom စစ်ကြောင်းထံမှ သိရသည်။
မြဝတီ – ဝေါ်လေလမ်းမပေါ်၊ ဘလယ်ဒိုကျေးရွာအနီးတဝိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စခန်းများကို စွန့်ခွာပြီး သေဘော့ဘိုးပင်မစခန်းသို့ သွားရောက် ပူးပေါင်းသဖြင့် ယနေ့အောက်တိုဘာ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် ကာကင်းစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ကာ နေရာယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“သေဘော့ဘိုးမှာရှိတဲ့ သူတို့ကုန်းမကြီးကို သွားပေါင်းကြမယ်ထင်တယ်။ ဒီနေ့ပဲ ဝင်ရှင်းလင်းလိုက် တာပါ။ စခန်းမှာ ကျန်ခဲ့တဲ့ပစ္စည်း သိမ်းဆည်းရရှိတာမျိုးတော့ မကြားမိဘူး။ လက်ရှိတော့ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာဝင်ယူလိုက်ပြီ။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့အနီးရှိ အကြမ်း ဖက်စစ်ကောင်စီ၏ စွယ် တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို KNLA ဦးဆောင်သော တပ်များက တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီး ယင်းစစ်စခန်းသည် ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ် သတ် ဖြတ်ခဲ့သော မဟာဗျူဟာမြောက်စစ်စခန်းကြီးတစ်ခုလည်းဖြစ်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ စွယ်တော်ကုန်း စခန်းကုန်းကို သိမ်း ပိုက်နိုင်ခဲ့သော အောင်ပွဲရ တော်လှန်ရေး အဖွဲ့များနှင့် ရဲဘော်များကို မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်၊ ဖလူးကြီး၊ မင်းလက်ပံ၊ ထီးမယ့်ဝါးခီး၊ မယ်ထော်သလေး၊ ပဟီးကလော်မှ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။