“နေပြည်တော်VIPထဲမှာတစ်မိသားစုလုံး၃လော-င်းပြိုင်ဘဲ”

by

in

နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်ပြိုင် လူသတ်မှုဖြစ်ပွား

နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်ပြိုင် လူသတ်မှုဖြစ်ပွား
ဩဂုတ် ၁၁ – ၂၀၂၄
GG (VOM)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက အိမ်တအိမ်မှာ သုံးလောင်းပြိုင်လူသတ်မှု ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အသတ်ခံရတဲ့သူသုံးယောက်က မိသားစုဝင်တွေဖြစ်ပြီး ဓားဒဏ်ရာတွေနဲ့နေအိမ်အတွင်းရှိ တနေရာစီမှာ အသတ်ခံထားရတာဖြစ်ကြောင်း၊ ကားတစီးနဲ့ဖုန်းတွေလည်း ပျောက်ဆုံးနေ တယ်လို့သိရပါတယ်။
” အဖေ၊အမေ၊သား အားလုံးသုံးယောက်။အဖေဖြစ်သူကမီးဖိုချောင်ထဲမှာအသတ်ခံရတယ်။အမေဖြစ်သူကရေချိုးခန်းထဲမှာ၊သားဖြစ်သူကတော့သူ့အခန်းထဲမှာအသတ်ခံထားရတာတွေ့တယ်။အကုန်လုံးဓားဒဏ်ရာပဲတွေ့တယ်။သားဖြစ်သူကတော့ကုတင်ပေါ်မှာမှောက်ရက်အနေအထားနဲ့သေနေတာ ။ ” လို့ နေပြည်တော်အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။
အသတ်ခံရသူတွေထဲက အသက်၄၉ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဦးသန်းနိုင်ထွန်းမှာ ထိုးသွင်းဒဏ်ရာ နှစ် ချက် ၊အသက် ၄၈ နှစ်အရွယ် မိခင် ဖြစ်သူ ဒေါ်စောသန္တာဦးမှာ ထိုးသွင်းဒဏ်ရာ လေးချက်နဲ့ အသက် ၂၉ နှစ်အရွယ် သားဖြစ်သူ မောင်ရွှေအုပ်စိုးမှာ ထိုးသွင်းဒဏ်ရာ သုံးချက်တွေ့ရှိရတယ်လို့သိရပါတယ်။
” ဒီဖြစ်စဥ်က ပစ္စည်းယူ ဓားပြတိုက်အနုကြမ်းစီးတဲ့ လူသတ်မှုမဟုတ်ဘူး ယူဆရမယ်။တခြားအကြောင်းကြောင့်ပေါ့။CCTV မှတ်တမ်းအရဆိုရင် ၈ ရက်နေ့ထဲအဲဒီအိမ်မှာဖြစ်ပြီး တရားခံကကားကိုပါယူမောင်းထွက်သွားတယ်။သိကြတာကတော့အဆက်အသွယ်တွေမရလို့လိုက်တော့မှအသတ်ခံထားရတာသိရတာပေါ့။တရားခံကမမိသေးပါဘူး။” လို့ ဖြစ်စဥ်ကိုသိရှိသူ လူမှုကူညီရေး အဖွဲ့ဝင် ဒေသခံတယောက်ကပြောပါတယ်။
အသတ်ခံရတဲ့မိသားစုက ဖခင်ဖြစ်သူဦးသန်းထွန်းနိုင်ဟာ ဆရာဝန်တယောက်ဖြစ်တဲ့အပြင် နေပြည်တော်၊အမျိုးသားလွှတ်တော်ကဒုတိယညွှန်ကြားရေးမှူးချုပ်ရဲ့ညီတော်စပ်သူဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါ ရုပ်အလောင်းတွေကို နေပြည်တော် ကုတင်တထောင်ဆေးရုံကို ပို့ဆောင်ထားပြီး ကျူးလွန်သူတွေကိုတော့မမိသေးကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။
မေလ ၂၆ ရက်ကလည်း မန္တလေးတိုင်း ၊ မိုးကုတ်မြို့အရှေ့ပိုင်းက ရွှေကူရပ်ကွက်မှာနေအိမ်ထဲမှာပဲ မိသားစုလိုက်အသတ်ခံရလို့ လောင်းပြိုင်လူသတ်မှုဖြစ်ပွားမှုရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် ၃ ဗဟိုရပ်ကွက်မှာရှိတဲ့ ယက်ကန်းရုံဝန်းထဲမှာ မိသားစုဝင် သုံးယောက်နဲ့အလုပ်သမားတယောက်အပါအဝင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။
Photo:CJ
#Voiceofmyanmar #vom #နေပြည်တော် #သုံးလောင်ပြိုင် #လူသတ်မှု

“နေပြည်တော်VIPထဲမှာတစ်မိသားစုလုံး၃လော-င်းပြိုင်ဘဲ”