လေးကေ့ကော်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို သိမ်းပိုက်မှုအတွက် KNLA ၊ PDF ပူးပေါင်းတပ်များကို ကရင်ပြည်သူလူထုက သောင်းသောင်းဖျဖျကြို ဆို (ရုပ်/သံ)

by

in

လေးကေ့ကော်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို သိမ်းပိုက်မှုအတွက် KNLA ၊ PDF ပူးပေါင်းတပ်များကို ကရင်ပြည်သူလူထုက သောင်းသောင်းဖျဖျကြို ဆို (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ စွယ် တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို သိမ်းပိုက်မှုအတွက် KNLA ၊ PDF ပူးပေါင်းတပ်များကို ကရင်ပြည်သူလူထုက ယနေ့ သောင်းသောင်းဖျဖျကြိုဆိုကြသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ စွယ် တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို KNLA ဦးဆောင်သော တပ်များက တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်စခန်းသည် ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ် သတ် ဖြတ်ခဲ့သော မဟာဗျူဟာမြောက်စစ်စခန်းကြီးတစ်ခုလည်းဖြစ်သည်။
အောင်ပွဲရ ရဲဘော်များကို မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်၊ ဖလူးကြီး၊ မင်းလက်ပံ၊ ထီးမယ့်ဝါးခီး၊ မယ်ထော်သလေး၊ ပဟီးကလော်မှ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။