တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက် ▪️လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ ▪️KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့အတွင်းဝင်​ရောက်

by

in

တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက်
▪️လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ
▪️KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့အတွင်းဝင်​ရောက်
ဟန်နွေ/People’s Spring

တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့(​အောက်တိုဘာ ၁၈) ညတွင် သိမ်းပိုက်နိုင်ပြီဖြစ်ပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းရေးလုပ်ဆောင်လျက်ရှိသည်ဟု စစ်ရေး သတင်းရင်းမြစ်တို့က ပြောသည်။
စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းက ကချင်အထူးဒေသ(၁)နယ်မြေရှိ ချီဖွေနှင့် ဆော့လော်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သည့် KIA ပူးပေါင်းတပ်သည် ပန်ဝါမြို့ကို ဆက်လက်
ထိုးစစ်ဆင်လျက်ရှိရာ ပန်ဝါအနီးရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးအောက်တိုဘာ ၁၈ရက် ညပိုင်းတွင် ပန်ဝါမြို့ကို
ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
“စခ စခန်းကုန်ပြီ မရှိတော့ဘူး။ ပန်ဝါရပြီ။ ရှင်းလင်းရေးလုပ်ရအုံးမယ်။ (စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ) လက်နက်တွေ စွန့်ပြီး ထွက်ပြေးကုန်ကြပြီ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယမန်နေ့ညတွင် ပြောသည်။
အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” ပန်ဝါမြို့ထဲကို ဝင်နေပြီ။ မြို့ကို တဆင့်ခြင်းရှင်းနေတယ်။ ရန်သူတွေ ဗျူဟာကျတဲ့ကုန်းတွေမှာ စုပြီး ခုခံနေကြတယ်”ဟု ယနေ့ (အောက်
တိုဘာ ၁၉ရက်) မနက်အစောတွင် ပြောပြသည်။
အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ပန်ဝါကိုသိမ်းတော့ သိမ်းထားပြီ။အသေးစိတ် နယ်မြေရှင်းရအုံးမယ်။ ပြည်သူ့စစ်တွေနဲ့ BGF တချို့တောထဲပုန်းကျန်နေတာတွေရှိအုံးမယ်”ဟု ပြောသည်။
ပန်ဝါမြို့ သိမ်းပိုက်နိုင်မှု အခြေအနေများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့မနက်ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ ယမန်နေ့ညပိုင်းက ဗိုလ်မှူးကြီး နော်ဘူ၏ ပန်ဝါဒေသ စစ်ရေး အခြေအနေပြောပြချက်တွင် ပန်ဝါအနီးတဝိုက် စစ်ကောင်စီတပ်စခန်းအချို့ သိမ်းရထားသော်လည်း ပန်ဝါမြို့တွင်းတိုက်ပွဲမရှိကြောင်း၊ စစ်ကောင်စီ၏ တဖက်သတ်ပစ်ခတ်မှုများသာ ရှိကြောင်းပြောကြားထားသည်။
သို့​သော် KIA နှင့် PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့ အတွင်း ဝင်​ရောက်လာ​သော ရုပ်သံမှတ်
တမ်းတိုကို ​ဒေသခံများက လူမှုကွန်ယက်၌တင်ထား​သောရုပ်သံမှတ်တမ်းမှ ​အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း၌ ပြန့်နှံ့လာသည်။
ပန်ဝါမြို့သိမ်းပိုက်ရန်ထိုးစစ်ဆင်ရာတွင် တဆင့်ချင်းစနစ်တကျ တိုက်ခိုက်ခြင်းမှာ ​ဒေသခံပြည်သူများ ထိခိုက်မှုနည်း​စေရန် စစ်ဗျူဟာအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း စစ်​ရေးသတင်းရင်းမြစ် တဦးက​ပြောသည်။
KIA တပ်ဖွဲ့ဝင်များ ပန်ဝါမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသကဲ့သို့ ကချင်အထူးဒေသှု(၁)နယ်မြေ၌ ကျန်နေသည့် တရုတ် – မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို ဦးတည်ပြီးလည်း ထိုးစစ်ဆင်လျက်ရှိသည်။
အောက်တိုဘာ ၁၇ရက်နှင့် ၁၈ရက်
ကန်ပိုက်တီဒေသ တိုက်ပွဲများအတွင်း စင်ကျိုင်၊ဝေါ်ချုံးဒေသ အခြေစိုက် နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၆ခုထက်မနည်းကို KIAက သိမ်းပိုက်ရရှိထားသည်။
KIAသည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်
တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)
နယ်မြေမှ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGF စခန်းများကို ယခုနှစ် ဇွန်လမှစ၍ စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ဇွန်လအတွင်း၌ ဆဒုံးဗျူ
ဟာ အပါအဝင် ဒေသတွင်းရှိ တပ်စခန်း ၂၀ကျော်၊ စက်တင်ဘာ လကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းတွင် ချီဖွေနှင့် ဆော့လော်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ကြီးငယ် ၁၃ခုထက်မနည်း၊ ပန်ဝါဒေသနှင့်ကန်ပိုက်တီဒေသ ထိုးစစ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်းကြီးငယ် ၁၅ ခု ဝန်းကျင် သိမ်းပိုက်ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြထားချက်အရ သိရသည်။
ဦးဇခုန်တိန့်ယိန်းက KIAနှင့် PDFများကို တိုက်ခိုက်ချေမှုန်းရန် ဇွန်လ ၇ရက်တွင် လက်အောက်ခံ တပ်ဖွဲ့များအား စစ်မိန့် ထုတ်ပြန်ခဲ့သော်လည်း KIA က အချိန်တိုအတွင်း ကချင်အထူးဒေသ(၁) နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။ စက်တင်ဘာ ဒုတိယပတ်တွင် KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဦးဇခုန်တိန့်ယိန်း၏ စစ်မိန့်စာကိုဖော်ပြပြီး မထုတ်ပြန်သင့်သည့် စစ်မိန့်ဟု ရေးသား အသိပေးခဲ့ပြီးနောက် KIAက ကချင်အထူးဒေသ(၁) နယ်မြေအတွင်း စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော် ၊ ပန်ဝါမြို့များကို အချိန်တိုအတွင်း သိမ်းနိုင်ခဲ့သည်။ စက်တင်ဘာ ၂၈ရက်မှ အောက်တိုဘာ ၁၈ရက် အတွင်း သုံးပတ်ကြာ ထိုးစစ်ဆင်မှုအောက်တွင် ဦးဇခုန်တိန့်ယိန်း၏ တပ်များ၊ စစ်ကောင်စီတပ်စခန်းများစွာကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ကာ ချီဖွေ၊ လေဆာ့လော်၊ပန်ဝါ မြို့များကို ထိန်းချုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
(ပန်ဝါမြို့အတွင်း KIA ဦး​​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များဝင်​ရောက်လာစဥ်။ရုပ်သံ-T Awng T Awng)

KIO/KIAဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီ လေကြာင်း တိုက်ခိုက်
▪️တရုတ်ဘက်က မီးကျည်ပစ်ဖောက် သတိပေး
▪️လမိုင်ယန်ရွာဘက်သို့ ဗုံး ၂ လုံးကြဲသွားပြီး ​ပြည်သူ ၂ ဦး ​သေဆုံးထိခိုက်ဒဏ်ရာရဟုကနဦးသတင်းရရှိ
ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးကို စစ်ကောင်စီက ယမန်နေ့ည သန်းခေါင်ကျော်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သည်ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။
ယမန်နေ့ည ၁နာရီ ၁၁ နှင့် ၁နာရီ ၁၄ မိနစ် အကြားတွင် လိုင်ဇာမြို့အနီးသို့ တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
” ပန်ဝါကျသွားလို့ဖြစ်တယ်။”ဟု ကချင်သတင်းရင်းမြစ်က လိုင်ဇာကိုစစ်ကောင်စီ လေကြောင်း လာတိုက်ခိုက်သည့် လုပ်ရပ်အပေါ် မှတ်ချက် ပြုသည်။
KIA ပူးပေါင်းတပ်သည် ချီဖွေမြို့နယ်ရှိမြန်မာ
-တရုတ်နယ်စပ်မြို့ ပန်ဝါကို အောက်တိုဘာ ၁၈ရက် ညပိုင်း၌ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ သိမ်းပိုက်ခံရပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက လိုင်ဇာမြို့အနီးကိုဗုံးကြဲတိုက်ခိုက်လာခြင်း ဖြစ်သည်။
” လိုင်ဇာဒေသမှာ အခု ၁နာရီ အချိန်လေယာဉ် ၂စီးနဲ့ ချသွားပြီးပြီ။ အထိအခိုက်စုံစမ်းဆဲပါ” ဟု အခြား သတင်းရင်းမြစ်တစ်သီးက ပြောသည်။
အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အထိအခိုက်မရှိဟု ပြောသည်။
စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း “လိုင်ဇာအနီးမှာ လေကြောင်းနဲ့လာပစ်ခတ်တာရှိတယ်။ တရုတ်ဘက်ကလည်း ပြန်လည်ပစ်ခတ်တာရှိတယ်။ အသေးစိတ်တော့ မသိသေးဘူး။ တရုတ်ဘက်က ပစ်တာ မီးကျည်”ဟု ပြောသည်။
ထပ်မံရရှိ​သော သတင်း အရ လမိုင်ယန်ရွာဘက်သို့ စစ်​ကောင်စီက ဗုံး ၂ လုံးကြဲသွားခြင်းဖြစ်ပြီး ​ဒေသခံပြည်သူ ၂ ဦး ​သေဆုံး ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သတင်းရရှိ​ကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီအနေဖြင့် စစ်ရေးအရ ရှုံးနိမ့်နေသည့် အခြေအနေတွင် အရပ်သား ပြည်သူများနေထိုင်ရာနေရာများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများကို လေကြောင်း တိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်လျက်ရှိသည်။
ယခင်က KIAနှင့် ပြဿနာဖြစ်တိုင်း လက်နက်ကြီးများဖြင့် လိုင်ဇာမြို့အနီးဝန်းကျင်သို့ ပစ်ခတ်လေ့ရှိသော်လည်း ယခုနှစ်မတ်လမှ စတင်စစ်ရှိန်မြှင့်ခဲ့သည့် KIA ၏ ထိုးစစ်တွင် လိုင်ဇာအနီးဝန်းကျင် နယ်မြေများရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်၍ လေကြောင်းမှ လာရောက်ဗုံးကြဲမှုများလုပ်ဆောင်လာနေခြင်းဖြစ်သည်။
(တရုတ်နိုင်ငံဘက်မှ မီကျည်ပစ်​​ဖောက်
သတိ​ပေးစဥ်။ရုပ်သံ-CJ)