မြိတ်ခရိုင် ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

by

in

မြိတ်ခရိုင် ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
အောက်တိုဘာ ၁၈၊ ၂၀၂၄

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၄ ရက်ကနေ ၂၂ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad – TNI အဖွဲ့ထံက သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို Dragon Squad အဖွဲ့သားတွေက မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)၊ (၂) တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။