မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ စစ်တပ်နှင့် ပျူစောထီးများ စုရပ်နေရာကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

by

in

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ စစ်တပ်နှင့် ပျူစောထီးများ စုရပ်နေရာကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၇
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ စုရပ်နေရာကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ၄၃ လမ်း ၅၅×၅၆ ကြားရှိ အကြမ်းဖက် စစ်တပ်၏ စစ်သားများ၊ ပျူစောထီးများနှင့် ရပ်ကွက်တွင်းရှိ လူမိုက်များ လူစုနေထိုင်သော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အပြန်အလှန်ပစ်ခတ်သံ အချက် ၂၀ ခန့် ထွက်ပေါ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ထို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အသုဘ မဏ္ဍပ် တစ်ခု လမ်းပိတ်၍ ထိုးထားသည်ကို တွေ့ရကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“ဒီကောင်တွေက အဲ့ဒီနေရာမှာ စုရပ်လုပ်ထားတာ ပေါက်ကိုယ်တော်လည်း မကြာမကြာရှိတတ်တယ်။ အဲ့ဒီနေရာမှာ အင်အား ၅၀နဲ့ ၁၀၀ ကြား စုပြီးနေတာ နံနက်ပိုင်းဆို စစ်ခွေးဝတ်စုံတွေနဲ့လည်း ထွက်တယ်။ ည အရပ်ဝတ်နဲ့ ထွက်တယ်။ ၄၃လမ်းနဲ့ ၅၅×၅၆ ကြားမှာ ကင်းတဲပေါ်မှာ Sniper သမားတွေလည်းရှိတယ်။ ဝင်ပစ်တဲ့အချိန် စစ်ခွေးတွေထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
ဓာတ်ပုံ – တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ စုရပ်နေရာ