နွားထိုးကြီးမှာ စစ်အုပ်စုဗုံးကြဲလို့ PDF ရဲဘော် ခြောက်ဦး ကျဆုံးပြီး ပြည်သူငါးဦး ဒဏ်ရာရ PDF ရဲဘော်ကျဆုံးတာကို သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက အိုးစည်ဒိုးပတ်တီးပြီး ကခုန်အောင်ပွဲခံ၊

by

in

နွားထိုးကြီးမှာ စစ်အုပ်စုဗုံးကြဲလို့ PDF ရဲဘော် ခြောက်ဦး ကျဆုံးပြီး ပြည်သူငါးဦး ဒဏ်ရာရ
PDF ရဲဘော်ကျဆုံးတာကို သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက အိုးစည်ဒိုးပတ်တီးပြီး ကခုန်အောင်ပွဲခံ၊
MN/MFP ၊ အောက်တိုဘာ – ၁၇

မန္တလေးတိုင်း၊ မြင်းခြံမြို့ နွားထိုးကြီးနယ် အစပ်က ရွာကြီးကျေးရွာကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲတိုက်ခိုက် လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)ရဲဘော်ခြောက်ဦးကျဆုံးခဲ့ပြီး ဒေသခံ ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်အုပ်စုက ရွာကြီးကျေးရွာထဲကို လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့ရာမှာ ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စုဟာ ရွာကြီးရွာကို ဗုံးကြဲချပြီးနောက် မြင်းခြံနယ် အရှေ့မြောက်ခြမ်းဘက်ကို လေကြောင်းကနေ ထပ်မံဗုံး ကြဲ တိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေးရဲဘော် ခြောက်ဦး ထိခိုက်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“၁၅ ရက်နေ့ည ရှစ်နာရီခွဲလောက်မှာ မြင်းခြံနဲ့ နွားထိုးကြီးနယ်အစပ်က ရွာကြီးရွာပေါ်ကို ဗုံးနှစ်လုံးချတယ်။ ပြည် သူ ငါးဦးထိခိုက်ပြီးတော့ တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ ကြားရတယ်။ အဲဒီလို ရွာကြီးရွာကို ဗုံးကြဲပြီး မကြာဘူး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းရှိတဲ့နေရာကို ဗုံးလာကြဲသွားတယ်။
စခန်းပေါ်ကို ပထမဆုံး ဗုံးနှစ်လုံး လာကြဲတဲ့အချိန်မှာ ရဲဘော် လေးဦး ကျသွားတယ်ဗျ။ အဲဒီအချိန်မှာ ကျွန်တော်တို့က ရှင်းလင်းရေးတွေလုပ်ပြီး ရဲ ဘော်အလောင်းတွေ ကောက်ယူနေချိန်မှာပဲ နောက်ထပ် လေယာဉ်နဲ့ထပ်လာပြီးတော့ ကြဲသွားတဲ့အတွက် နှစ်ဦး ထပ်ကျသွားတာပါ။ စုစုပေါင်း ရဲဘော်ခြောက်ဦး ကျဆုံးသွားပါတယ်ဗျ”လို့ မြင်းခြံဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အခုလို မြင်းခြံနယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ရဲ့ စခန်းတည်ရှိရာကို နေရာအတိအကျ လေကြောင်းကနေ ဗုံးလာ ကြဲတာဟာ နယ်မြေခံ ဒလန်သတင်းပေးကြောင့် ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
“ကျွန်တော်တို့ သုံးသပ်ရသလောက်ဆိုရင် ဒလန်သတင်းပေးကြောင့် အခုလို နေရာတိတိကျကျ ချနိုင်တယ်လို့ သုံး သပ်ရတာပေါ့”လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲပစ်ခတ်လို့ မြင်းခြံနယ် ဒေသခံတော်လှန်ရေးရဲဘော်တွေ ကျဆုံးခဲ့တဲ့ ညပိုင်း မှာပဲ သီတာယုမွန်ဦးဆောင်တဲ့ လယ်သစ်ရွာ ပျူစောထီးစခန်းက ပျူအဖွဲ့တွေဟာ အိုးစည်ဗုံမောင်းတွေတီးပြီး ကခုန် အောင်ပွဲခံခဲ့ကြသေးတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်က စစ်အုပ်စု လေကြောင်းကလာရောက်ပြီး ဗုံးကြဲပစ်ခတ်ခဲ့တဲ့ ဒေသတော်လှန်ရေးအဖွဲ့ စခန်းဟာ မြင်းခြံမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ပြောက်ကျားတပ်ဖွဲ့တစ်ခုရဲ့ စခန်းဖြစ်တယ်လို့လည်းဆိုပါ တယ်။
နွားထိုးကြီးနယ် ရွာကြီးရွာ လေကြောင်းဗုံးကြဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူ ငါးဦးအနက် အမျိုး သမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သတင်း ထွက်ပေါ်နေပေမယ့် MFP အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြင်းခြံမြို့နယ်ထဲမှာ ဩဂုတ်လ ၁၁ ရက်ကနေ အောက်တိုဘာလ ၁၇ ရက်ထိ နှစ်လကျော်ကာလအတွင်း စစ်အုပ်စု လေကြောင်းက ဗုံးကြဲပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ခြောက်ဦးကျဆုံးကာ ဒေသခံ (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
မြင်းခြံခရိုင်ထဲ စစ်အုပ်စုဗုံးကြဲလို့ ထိခိုက်ခဲ့တဲ့ ပြည်သူတချို့နဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေ ပြည်သူကို သတ်ပြီး အောင်ပွဲခံနေပုံ ( ပုံဟောင်း/ ဓာတ်ပုံ- CJ)