စွယ်တော်ကုန်းတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီး မြင်ကွင်း

by

in

◾️Photo News◾️
စွယ်တော်ကုန်းတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီး မြင်ကွင်း
People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ယနေ့နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။
၂လကျော်ကြာပိတ်ဆို့တိုက်ခိုက်ထားရာက ယနေ့နံနက်တွင် စွယ်တော်ကုန်းရှိ စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားပြီး အပြီးသပ်သိမ်းပိုက်ရရှိခြင်းဖြစ်သည်။
အဆိုပါစွယ်တော်ကုန်းစခန်းသည် မြဝတီမြို့နယ်အတွင်း အရေးပါသော တပ်စခန်းကုန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ပေးခြင်း၊ မြဝတီမြို့စောင့်တပ် ခလရ( ၂၇၅)တပ်မှ စစ်​ကောင်စီတပ်သားများ စခန်းစွန့်ပြီး မဲဆောက် – မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတား၌ သွားရောက်ခိုလှုံချိန် ကော်ဘရာပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ချိန်တွင်လည်း လက်နက်ကြီးပစ်ကူပေးခဲ့သော စခန်းကုန်းဖြစ်သည်။
ကော်ဘရာပူးပေါင်းတပ်သည် စွယ်တော်ကုန်းအမြောက်တပ်အား ယခုနှစ်မတ်လက စတင်တိုက်ခိုက်ရာ နောက်ပိုင်းတွင် တိုက်ခိုက်မှု ရပ်နားပြီး ဩဂုတ်လပိုင်းက စတင်ဝန်းရံပိတ်ဆို့ထားရာ သြဂုတ် ၂၉ရက်ကစပြီး တိုက်ပွဲပြင်းထန်လာခဲ့သည်။
ဓာတ်ပုံ – Cobra Column၊ ကျားသစ်နက်စစ်ကြောင်း