AA က နပခကိုထိုးစစ်ဆင်​နေစဥ် အမ်း-ပဒန်းလမ်းပိုင်းကိုယာယီပိတ်

by

in

AA က နပခကိုထိုးစစ်ဆင်​နေစဥ်
အမ်း-ပဒန်းလမ်းပိုင်းကိုယာယီပိတ်
လူ‌အေး/ People’s Spring
အာရက္ခတပ်​တော်(AA)က စစ်​ကောင်စီ၏ အ
နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်း
ယူ‌ရန် ထိုးစစ်ဆင်​နေပြီး အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန်တွင် ရခိုင်ပြည်နယ်မှ ထွက်
ပေါက်ဖြစ်သော အမ်း-‌ပဒန်းလမ်းပိုင်းကိုယနေ့(​အောက်တိုဘာ ၁၆)မှစ၍ယာယီပိတ်ထားကြောင်း သတင်းရရှ်ိသည်။
ပဲခူးတိုင်း ပြည်မြို့အပြင် မကွေးတိုင်း နှင့် ဧရာဝ
တီတိုင်းတို့ကို သွားရောက်နိုင်သည့် အမ်း-‌ပဒန်းလမ်းပိုင်းကိုအောက်တိုဘာလ ၁၆ ရက်နံနက်ပိုင်းမှစ၍ AAက ဖြတ်သန်းခွင့်ယာယီပိတ်ထားခြင်းဟု ပြည်မြို့ခံများကပြောသည်။
“လုံခြုံရေးအရ ဖြစ်ပါလိမ့်မယ်။ AA ဘက်က ပိတ်တယ်လို့ ကြားတယ်။ စစ်တက်က လေကြောင်းအင်မတန်သုံးနေရတယ်”ဟု ဒေသခံတဦးကပြော
သည်။
အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက်
တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကာကင်းဖြစ်သော မဲတောင်ဗျူဟာကို အောက်တိုဘာလ ၆ရက်ည‌နေတွင်သိမ်းပိုက်ခဲ့သည်။ ထို့အပြင် ခမရ(၃၇၃) နှင့် အမြောက်ကုန်းဟု ဒေသခံများက ခေါ်သည့် ကမ်းဒိတ်တောင်စခန်းကိုအောက်
တိုဘာလ၁၁ရက်ညနေတွင် သိမ်းယူခဲ့သည်။
အမ်းမြို့တွင် စစ်ကောင်စီ စကခ (၅) လက်
အောက်ခံ ခမရ ၃၄၆နှင့် ခမရ၃၇၂တပ်ရင်းများရှိနေပြီး ယင်းတပ်ရင်းပတ်ဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးကပြောသည်။
အမ်း-‌ပဒန်းလမ်းပိုင်းကို AAက ပိတ်ခြင်းသည်စစ်ကောင်စီက မြေပြင်မှအင်အားဖြည့်တင်းလာနိုင်၍ ကြိုတင်ဟန့်တားခြင်းဖြစ်နိုင်ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ သို့သော် ရခိုင်ပြည်နယ်ဘက်မှထွက်ခွာမည့် စစ်ဘေးရှောင်များကို စိစစ်၍ ထွက်ခွာခွင့်ပေးရန် ပြည်မြို့တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကပြော
သည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်တိုက်ပွဲများအ
တွင်း အရပ်သားများအားအကာအကွယ်ယူ၍
စစ်ရေးဖော်ဆောင်နေကြောင်း AA ကမကြာခဏသတိပေးထားသည်။အမ်း -မင်းဘူးလမ်းတွင် စစ်ကောင်စီက အရပ်သားများအားအကာကွယ်ယူ၍ အင်အားတိုးချဲ့နေသောကြောင့် ယင်းလမ်းမှတဆက်တည်းဖြစ်သော အမ်း-‌ပဒန်းလမ်းပိုင်းသွားလာခွင့်ကို AAက ပြီးခဲ့သည့်ဧပြီလတွင်ကန့်သတ်ခဲ့ဖူးသည်။
ဇွန်လ ၈ ရက်ကလည်း အမ်း -မင်းဘူးလမ်း ရိုးမတောင်ဖြတ်လမ်းပိုင်းမှ တုန်းကြီး​ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က ခရီးသည်တင်ကားတစ်စီးကို သေနတ်ဖြင့်ပစ်ခတ်ရာမှာ ခရီးသွားသားအမိသုံးဦးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။
AAသည် ဂွမြို့နယ်ရှိ စစ်ကောင်စီစခန်းများကိုလည်း တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။
လက်တလောတိုက်ပွဲများပြင်းထန်နေသည် ​မောင်​တော နခခ ၅ ၊အမ်းနှင့် ဂွမြို့နယ်မှ တိုက်ပွဲများနှင့်ပတ်သက်၍ AAကသတင်းထပ်မံမထုတ်ပြန်သေးလေ။ စက်တင်ဘာ၂၇ရက်နေ့ကနောက်ဆုံးထုတ်ပြန်ချက်တွင် အမ်း နှင့် ဂွမြို့နယ်မှ နေရာအချို့၌ တိုက်ပွဲများပြင်းထန်နေကြောင်းထုတ်ပြန်ထား
သည်။
AA က ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ​အမ်း၊ဂွ ၊​မောင်​တောမြို့နယ်များကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။
(ရခိုင်ပြည်နယ်တွင် စစ်တပ်လက်ကျန်စခန်းများကိုဆက်တိုက်ထိုးစစ်ဆင်​နေ​သော AAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-AA Info desk)