ရေတာရှည် မြို့နယ် ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိလိုင်းခန်းနှင့် လက်နက် တိုက် ထိမှန် (ရုပ်/သံ)

by

in

ရေတာရှည် မြို့နယ် ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိလိုင်းခန်းနှင့် လက်နက် တိုက် ထိမှန် (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၁၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်ကောင်စီ၏ ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက် ခိုက်ခဲ့ရာ စစ်တပ် အရာရှိလိုင်းခန်းနှင့် လက်နက်တိုက်ကို ထိမှန်ခဲ့ကြောင်း နေပြည်တော်PDFစစ်ကြောင်း တပ်ရင်း(၉၀၁)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီအချိန် ရေတာရှည် ဒုံးတပ်ရင်း ၆၀၄ ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အရာရှိလိုင်းခန်းနှင့် လက်နက်တိုက်ထိမှန်ခဲ့သော်လည်း အသေးစိတ် အခြေအနေကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။
“စစ်ခွေး အရာရှိလိုင်းခန်းနဲ့ လက်နက်တိုက်ထိခိုက်မှုရှိတယ်လို့ သိရပေမယ့် အသေးစိတ်တော့မသိရသေးဘူးခင်ဗျ” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ စစ်ဆင်ရေး မစ်ရှင်ကို Shadow SAF၏ကူညီမှုဖြင့် စစ်တောင်းမြစ်ဝှမ်းရေတာရှည်စစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၃၅၀၁ ၊လူ့ဘောင်သစ်တပ်ဖွဲ့၊ စစ်တောင်းမြို့ပြပြောက်ကျား (နေပြည်တော်)တို့ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။