“ဒီသတင်းကို အကောင့်ထဲကမိတ်ဆွေတွေကို အမြန်ရှယ်ထားဒီနေ့ဘဲတရားဝင်ကြေညာ”

by

in

မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အ‌ရေးယူမည်
အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ်မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အ‌ရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၅၀/ ၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းများသည် မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် ထုတ်ပြန်ပြီး (၆)လ ပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် eComReg System www. ecomreg.gov.mm တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရယူကြရန်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူခြင်းမရှိဘဲ ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
အဆိုပါ ဥပဒေအရ အရေးယူခံရသူသည် ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။