မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အမတ ၃၁၈ တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

by

in

မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အမတ ၃၁၈ တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၈ တပ်စခန်းကို ရှော့တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်မှ ၁၀ နာရီ မိနစ် ၃၀ အချိန်အထိ မုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၈ တပ်စခန်းကို ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း (Drone) များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အမတ-၃၁၈ တပ်စခန်းအတွင်းရှိ လက်နက်ကြီးအထိုင် နေရာများ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နှင့် အခြားအဆောက်အအုံများလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အ မှတ် ၃ ၊ ဗျူဟာ ၃၃ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း မှ တပ်ခွဲ-၂ ၊ တပ်ခွဲ- ၄ ကံ ပေါက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ – KBDF ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ မွန်ပြည်တော် လှန်ရေးတပ် ( MSRF) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊ Saw Dragon Drone Force (ဒရုန်း အထူးတပ်ဖွဲ့) ၊ Ye Air Force (YAF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း- ၁ ၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း-T5 နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဦး(DDPDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။