ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

by

in

ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…
အောက်တိုဘာ ၁၂ ၊ ၂၀၂၄
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၁၀ရက်၊ မနက်ပိုင်းက ရမည်းသင်းမြို့နယ်၊ ပေပင်ရှည်ရွာနဲ့ ကျောက်အိုးလေးရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာအနီးအနားရှိ ကျေးရွာတွေခဲ သန်းခေါင်စာရင်းလိုက်လံကောက်ယူနိုင်ဖို့ ရှေ့ပြေးကင်းထွက်လာရင်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ၂ ကြိမ်တိုင်တိုင် မိုင်းဆွဲ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကျောက်အိုးလေး ကျေးရွာ အနောက်ဘက်အထွက်ကို ရောက်ရှိလာချိန်မှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပထမဆုံးအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။
အဲ့ဒီနောက် လည်ကျင်းခေါင်းကျေးရွာ၊ ကျေားလမ်းမကြီး အပေါ်ကို ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း နောက်တစ်ကြိမ်​ထပ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
“ဒီကောင်တွေ အရင်ဆုံးပေပင်ရှည်ရွာမှာ အထိုင်ချတယ်။ နောက်တော့ ကျောက်အိုး​လေးရွာကို ရောက်လာပြီး အဲ့မှာ ဂိတ်လုပ်စောင့်ရင်း စာရင်းကောက်ဖို့လုပ်ပါတယ်။ ပထမတစ်ခေါက်မိုင်းဆွဲတဲ့အချိန်က မနက် ၇ နာရီလောက်မှာပါ။ ညအိပ်စောင့်ပြီး မနက် ဒီကောင်တွေ ကွင်းထဲဝင်လာမယ့်အချိန်စောင့်ပြီး ဆွဲခဲ့တာ။ စခတွေချည်းပဲ ရှေ့ပြေးထွက်လာတာလို့ ပြောရမယ်။ ဒုတိယ​တစ်ခေါက်ကျ လည်ကျင်းခေါင်းရွာ၊ ကျောလမ်းဆုံမှာပေါ့။ မိုင်းကွင်းတွေကွဲပြီးနောက်ပိုင်း အဲ့ကောင်တွေ လျှောက်ပစ်နေတာ အချက် ၈၀ လောက်ရှိမယ်။ နေ့လည်ပိုင်းလောက်ကျ ရပ်သွားတယ်။ ညပိုင်းပြန်တက်လာပြီးပြန်ဖောက်သေးတယ်။ ကျနော်တို့ကတော့ ခဏပြန်ဆုတ်ထားပါတယ်။ ဒီကောင်တွေသေတာက ပထမ တစ်ခေါက် ၇ ယောက်၊ ဒုတိယတစ်ခေါက်ကျ ၈ယောက်ပါ။ ” လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ ရမည်းသင်းခရိုင် ပကဖ ၊ ရမည်းသင်းမြို့နယ် ပကဖ နဲ့ ပျော်ဘွယ်မြို့နယ် ပကဖ ညီနောင်မဟာမိတ် ၄ ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။