AA အမ်းနပခ အနီးရှိစစ်စခန်းနှစ်ခုကိုထပ်သိမ်း

by

in

AA အမ်းနပခ အနီးရှိစစ်စခန်းနှစ်ခုကိုထပ်သိမ်း
လူအေး/People’s Spring
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်
ဌာနချုပ်(နပခ)၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲနယ်တောင်ဗျူဟာကို သိမ်းယူပြီးနောက်၅ ရက်အကြာတွင် အာရက္ခတပ်တော်(AA)က ခမရ(၃၇၃)နှင့်အမြောက်ကုန်းကိုပါ ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၇၃)နှင့် အမြောက်ကုန်ဟု ဒေသခံများက ခေါ်သည့် ကမ်းဒိတ်တောင်စခန်းကိုအောက်တိုဘာ
လ၁၁ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟု သိရသည်။
“စစ်တက်ဘက်က ဆုတ်သွားတာ။ AAက အဆက်
မပြတ် ပစ်နေတာ။ ၃၇၃ နဲ့ ကမ်းဒိတ်တောင်စခန်းကို မ‌နေ့က ရတာပါ။ လေကြောင်းကနေ စစ်တပ်က ပစ်တယ်။ ဒီနေ့အထိ ပစ်တယ်” ဟု ဒေသခံစစ်ရေးသတင်းမြစ်တစ်ဦး အောက်တိုဘာလ၁၂ရက် နေ့လည် ၁၂နာရီခန့်တွင် လူထု​နွေဦးသို့ပြော
သည်။
ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ
သည် အမ်းမြို့ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ထဲသို့သွားရောက် ပူးပေါင်းနေကြောင်း သ
တင်းရရှိသည်။
အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက်
တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး မဲနယ်တောင်တောင်ဗျူဟာကို အောက်တိုဘာလ ၇ ရက်ည‌နေတွင်သိမ်းပိုက်ခဲ့သည်။
သို့​သော်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်၍ AA က သတင်းမထုတ်ပြန်သေးပေ။အမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ခဲ့ရာ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက်
တင်ဘာလ ၂၆ရက်နှင့် ၂၇ရက် နံနက်၌တိုက်ပွဲဖြစ်ခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ​ဖော်ပြထားသည်။ထို​ကြောင့် စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ပါရှိသည်။
AAသည် ဂွမြို့နယ်ရှိ စစ်ကောင်စီစခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်
လက်ပြင်းထန်နေကြောင်း ဒေသခံများကပြော
သည်။
“တိုက်ပွဲတွေထဲမှာ အရပ်သားပိတ်မိနေတာတွေရှိတယ်။ကြိုတင်ရှောင်ခိုင်းပေမယ့် မရှောင်တဲ့သူတွေပိတ်မိနေတယ်” ဟု ဂွမြို့ဒေသခံတဦးကပြောသည်။
ဂွမြို့နယ်မှ တိုက်ပွဲများနှင့်ပတ်သက်၍လည်း AAက စက်တင်ဘာလ၂၇ရက်တွင် နောက်
ဆုံးသတင်းထုတ်ပြန်ထားပြီး ထို​​နောက်ပိုင်းမထုတ်ပြန်​သေး​ပေ။ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင် စက်တင်ဘာလ (၂၄) ရက်နေ့က နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။ဂွမြို့နယ်ရှိ ကုလားပြင်တပ်စခန်းကိုအောက်တိုဘာလပထမလဘက်အတွင်း AAက တိုက်ခိုက်သိမ်းလိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ဂွမြို့နယ်သည် ဧရာဝတီတိုင်းနှင့် နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီစခန်းများကို AAက ထိုးစစ်
စတင်တိုက်ခိုက်မည်ဖြစ်၍ တိုက်ပွဲများပိုမိုပြင်း
ထန်လာနိုင်ကြောင်း ဒေသခံများကပြောသည်။
ဂွမြို့နယ်ကိုဧရာဝတီတိုင်းဘက်မှာဝင်ရောက်သည့်ဝင်ပေါက်လမ်းများအား စစ်ကောင်စီကပိတ်ဆို့ထားသည်။ ဒေသခံအများအပြားသည်ဧရာဝတီ
တိုင်း၊ငါးသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတမြို့များသို့ နည်းမျိုးစုံဖြင့် တိမ်းရှောင်လာကြသည်။
(AA က အမ်းမြို့နယ်ရှိ မဲ​တောင်ဗျူဟာကို ​အောက်တိုဘာ ၇ ရက်ကည​နေပိုင်းကသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)