ရွှေပြည်သာမြို့ (၁၉)ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်

by

in

ရွှေပြည်သာမြို့ (၁၉)ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်

သတိုး/People’s Spring

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၁၉)ရပ်ကွက်ရုံးအား ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးခန့် ဒဏ်ရာရနိုင်ကြောင်း Yangon Army မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“အုပ်ချုပ်ရေးမှူး စိုးထွန်းလည်းထိတယ်။ သုံးယောက်ထက်ပိုဖို့ပဲရှိမယ်”ဟု ယနေ့ညတိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

အောက်တိုဘာ ၁၀ရက် ည ၈နာရီခန့်တွင် အဆိုပါရပ်ကွက်ရုံးကို Yangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်း၍ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွှေပြည်သာ‌မြို့နယ်၌ ယနေ့ည ပေါက်ကွဲသံသုံးချက်ကြားရပြီး စစ်ကောင်စီလက်အောက်ခံ သုံးဦးခန့် ဒဏ်ရာရနိုင်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်ကို Hlaing Infoတွင် ဖော်ပြထားသည်။

“ပြည်သူအားမျိုးစုံဖိနှိပ်အနိုင်ကျင့်နေသောတရားမဝင်ရွေးကောက်ပွဲအတွက်အတင်းအဓမ္မသန်းခေါင် စာရင်းကောက်ခံနေကြသောအုပ်ချုပ်ရေးမှူးများနှင့် နောက်လိုက်များကိုကျွန်ုပ်တို့အနေဖြင့် ထိထိရောက်ရောက်ထပ်မံတိုက်ခိုက်သွားမည် ဖြစ်ကြောင်းထပ်မံအသိပေးလိုက်ပါသည်။”ဟု Yangon Army ကအသိပေးထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများနှင့် ဝေးဝေးနေထိုင်ပေးရန် YAက သတိပေးထားသည်။