မြင်းခြံခရိုင်နှင့်ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီ အလိုကျ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေး

by

in

မြင်းခြံခရိုင်နှင့်ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီ အလိုကျ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေး
ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြို့ရွာများ၌ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ စတင်ခဲ့သည့် ပြည်တွင်းစစ် တိုက်ပွဲတိုင်း၌ အရှုံးကြီးရှုံးကာ PDF နှင့် EROs တပ်များက စစ်ကောင်စီ သိမ်းပိုက် ထိမ်းချုပ်ထား သည့် မြို့၊ ရွာများကို ပြာပုံအတိဖြစ်အောင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ပြည်သူလူထုမြောက်များစွာကို သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီး ခြင်း စသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်အမျှကျူးလွန်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ရာဇဝတ်မှုများကို “ရွေးကောက်ပွဲ ကျင်းပပေးမည်”ဟူသော ကတိဖြင့် ဖုံးအုပ်ပြီး နိုင်ငံတ ကာကို လိမ်လည်လှည့်ဖြားရန် ပထမခြေလှမ်းအဖြစ် ပြည်တွင်းရှိ ၎င်းတိုစိုးမိုးအနိုင်ကျင့် နိုင်သေး သော လက်ကျန် မြို့ရွာများတွင် သန်ကောင်စာရင်းကောက်ခြင်းကို ဇွတ်တိုးလုပ်ဆောင်လာခဲ့သည့် အပေါ် လုံးဝ(လုံးဝ) သဘောမတူကြောင်း ၊ခွင့်မပြုကြောင်းကို လက်တွေ့ပြသမည် ဖြစ်ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးထားသည်။
ထို့ကြောင့် မြင်းခြံခရိုင်အတွင်းရှိ မြို၊ရွာများတွင် စစ်ကောင်စီ၏ သန်းကောင်စာရင်း ကောက်ယူ ခြင်း ကို ကူညီလုပ်ဆောင်ပေးနေသော မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေးထုတ် ပြန်ထားသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်းစာရင်း ကောက်ယူမှုကို ကူညီသူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြကာ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲသည် ၎င်းတို့အာဏာတည်မြဲ ရေး ၊ ဆက်လက်ရည်တည်နိုင်ရေး လုပ်ဆောင်မှုဖြစ်သဖြင့် လုံးဝ၊ လုံးဝ ကန့်ကွက်ပါကြောင်း အသိပေးထားသည်။
ထို့ကြောင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ နှင့် ပူးပေါင်း၍ သန်းခေါင်စာရင်း ကောက် ယူနေသူများ ၊ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် အ ထောက်အကူပြုနေသူများအား ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တစ်ခုက ပြည်သူများကို အတင်းအကျပ် မေးမြန်းနေစဉ်။