ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

by

in

ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၁
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီ ၄၈ မိနစ်နှင့် ၅၂ မိနစ်ခန့်တွင် ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“၉ ရက်နေ့ နံနက် အစောပိုင်းက ညောင်ပင်သာရွာ ရဲစခန်း နဲ့ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲတိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၆ ကောင်သေပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရတယ်” ဟု သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော် သစ္စာက ပြောဆိုသည်။