တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော၊

by

in

တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော၊
စစ်ဖြစ်နေတဲ့ မြို့ ၂၄ မြို့ရှိနေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့ ၇၅ မြို့ရှိ၊
နိုင်ငံတစ်ဝန်းမြို့အားလုံးရဲ့ ၂၈ ရာခိုင်နှုန်းသာ စစ်အုပ်စု ထိန်းချုပ်ထားနိုင်တော့တယ်လို့ဆို
သက်တန့်/ MFP ၊ ဩဂုတ် – ၁၀

နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအဖွဲ့တွေက မြို့တွေ၊ စခန်းတွေကို ဆက် တိုက်သိမ်းပိုက်နေသလို စစ်အုပ်စု မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်ဆို့ ပိတ်လှောင်ထားနိုင်တဲ့ မြို့ပေါင်း ၁၀၅ မြို့အထိရှိတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပြည်သူများသို့ အောင်စကား စကားဝိုင်းဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၅၂ မြို့ရှိတဲ့အနက် တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း ၇၅ မြို့ကို သိမ်းပိုက်ထားသလို လက်ရှိ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စု တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့ပေါင်း ၂၄ မြို့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝန်းမှာ စစ်အုပ်စု ထိန်းချုပ်ထားနိုင်တဲ့ မြို့ ၉၈ မြို့သာ ကျန်ရှိတော့ပြီး တစ်နိုင်ငံလုံးရဲ့ ၂၈ ရာခိုင် နှုန်း နီးပါးလောက်သာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်တော့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလို စစ်ရေးအရ အရေးကြီးတဲ့ အောင်မြင်မှုတွေ ဘာကြောင့်ရနေတာလဲ။ ဒါကလည်း အင်မတန်ရှင်းပါတယ်။ ကျ နော်တို့ အင်အားစုအားလုံး နိုင်ငံရေးရော စစ်ရေးရောမှာပါ ဟန်ချက်ညီမှုရဲ့ အသီးအပွင့်လို့ ကျနော်တို့ ဒီလိုပြောလို့ ရပါတယ်” လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အနေနဲ့ ၂၀၂၃-၂၄ ခုနှစ်တွေမှာ မြန်မာပြည်အထက်ပိုင်းကို လှည့်ပတ်သွားရောက် ခဲ့ပြီး ဒီလိုသွားရောက်နိုင်တာကလည်း မြေပြင်စိုးမိုးနိုင်မှုကို ဖော်ပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံအထက်ပိုင်း အရှေ့ဘက်တရုတ်နယ်စပ်ကနေ အနောက်ဘက် အိန္ဒိယနယ်စပ်ကြားပေါ့။ ကျနော် ဉပဒ ဟိုသွားလာနေခဲ့ပါတယ်။ ကျနော့်ရဲ့ခရီးစဉ်တွေပင် ဘာကိုဖော်ပြနေသလဲဆိုတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့ အစည်းတွေ၊ တော်လှန်ရေးရဲဘော်တွေ မြေပြင်ကို ဘယ်လောက်အထိစိုးမိုးထားပြီလဲ ဆိုတဲ့အချက်ကို ကောင်း ကောင်းသိသာထင်ရှားစေတဲ့ အချက်ပဲလို့တော့ ကျနော်ပြောချင်ပါတယ်”လို့ ဝန်ကြီးက ဆိုပါတယ်။
နိုင်ငံတစ်ဝန်းမှာ တိုင်းစစ်ဌာချုပ် ၁၄ ခုရှိတဲ့အနေနဲ့ အကြီးဆုံးနဲ့ အားအကောင်းဆုံး ဌာနချုပ်ဖြစ်တဲ့လားရှို့ရှိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်တာက စစ်အုပ်စုရဲ့ ကျန်ရှိတဲ့ဌာနချုပ်တွေဟာ ဒီတော်လှန်ရေး ရဲ့ အားကို ဘယ်လိုမှ ခံနိုင်တော့မယ့် အနေအထားမရှိတော့ဘူးဆိုတာ ဖော်ပြနေတယ်လို့ ပြောပါတယ်။
#Mandalay_Free_Press_MFP