ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဥရုချောင်းအနီး ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ

by

in

ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဥရုချောင်းအနီး ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၀

အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယမန် နေ့ညပိုင်းညပိုင်း လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဖြစ် ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဖားကန့်မြို့နယ်၊ ကသိုင်းတောင် တိုက်ပွဲတွင် ထွက်ပြေး လွတ်မြောက်ခဲ့သော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်ကြောင်းကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ အောက်တိုဘာ၈ ရက်နေ့ Lucky Men ဟိုတယ်ကို KIA နှင့် PDF တပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသော တပ်ရင်းမှူးကို KIA နှင့် PDF တပ်များက လိုက်လံ ဖမ်းဆီးရှင်းလင်းရာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်း ဥရုချောင်းဘေးတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
“မနေ့ညက ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို ဥရုချောင်းဘေးမှာ သေဆုံးလျက် ပြန်တွေ့ပါတယ်။ ထွက်ပြေးတာကို လိုက်လံရှင်းလင်းရင်း ဖမ်းမိတာပါ။ ဒီတစ်ခါတော့ အလောင်းရပြီဖြစ်လို့ အတည်ပြုနိုင်ပါပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၈ ရက်နေ့ ဖားကန့်၊ ဆိုင်းတောင် Lucky Men ဟိုတယ် စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းဦးဆောင်သော စစ်ကြောင်းမှ ၂၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်တကွ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီး ၂၀ ဦးမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။