မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကင်းစောင့်နေသော စစ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရ

by

in

မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကင်းစောင့်နေသော စစ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၉
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကင်းစောင့်နေသော စစ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အောက်တိုဘာလ ၆ ရက် ည ၉ နာရီအချိန်တွင် မြင်းခြံမြို့အတွင်းရှိ ရဲသင်တန်းကျောင်းတောင်ဘက် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၂ ဦးကို Myingyan Black Tiger (MBT)တပ်ဖွဲ့ UG ရဲဘော်များက ပြောက်ကျား နည်း စနစ်ဖြင့် အနီးကပ်၍ လက်ပစ်ဗုံးဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးအပြင်းအထန်ဒဏ်ရာရရှိပြီး မြင်းခြံ ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။
“ပစ်တာက တစ်လုံးတည်းပဲ၊ အဲဒီတစ်လုံးက ကင်းစောင့်နေတဲ့နားကျလို့ ထိတာ၊ ဒဏ်ရာရတဲ့ဟာ တော့ မြင်းခြံဆေးရုံပဲ ပို့မှာပါ၊ သေ ၊ မသေတော့အတည်ပြုမရဘူး။ ကျနော်တို့ရဲဘော်တွေ ဘေးကင်း စွာဆုတ်ခွာနိုင်ခဲ့ပါပြီ။ ကျနော်တို့အခုလုပ်နေတဲ့ End Point ကရော့ဂျက်က မြို့သိမ်းတိုက်ပွဲ တိုက် ဆင်နွှဲဖို့ရည်ရွယ်ထားတ ပါ၊ အခုဆိုရင် ကမ်ပိန်းက ၂၀ ရာခိုင်နှုန်းကတောင်မတက်ဘူးသေး ဘူးဖြစ် နေတယ်။ အခုက ထောက် ပံ့ငွေက မရဘူးဖြစ်နေတယ်၊ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေ တော့ ကမ်ပိန်းရတဲ့ငွေတစ်ချို့ တောင် အခုတိုက်ပွဲတွေထဲ ကျည်ဖိုး၊ ခဲယမ်းဖိုး သုံးစွဲထားရနေရလို့ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
Myingyan Black Tiger – MBT တပ်ဖွဲ့ အနေဖြင့် မြို့ပြစစ်ဆင်ရေးများကို ပိုမိုအရှိန်မြင့် လုပ်ဆောင် သွားရန်ရှိပြီး မိဘပြည်သူများ အနေဖြင့် ယခုပြုလုပ်လျက်ရှိသော End Point ကရော့ဂျက်ကို ဝိုင်း ဝန်း ကူညီပေးကြပါရန်နှင့် အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာအနီး နီးကပ်စွာ သွားလာ နေထိုင်ခြင်မပြုကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ- မြင်းခြံမြို့နယ် ထွေ/အုပ်ရုံးတွင် အစည်းအဝေး လုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)