မိုးမိတ်မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဝင်ရောက်လာသော တော်လှန် ရေးတပ်များကို ပြည်သူများက မြို့လုံးကျွတ် သောင်းသောင်းဖျဖျ ကြိုဆို

by

in

မိုးမိတ်မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဝင်ရောက်လာသော တော်လှန် ရေးတပ်များကို ပြည်သူများက မြို့လုံးကျွတ် သောင်းသောင်းဖျဖျ ကြိုဆို
ရန်ကုန်၊ ဩဂုတ် ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို တော်လှန်ရေးတပ်များက တိုက် ခိုက်သိမ်းပိုက်ပြီးနောက် ဝင်ရောက်လာသော တော်လှန်ရေးတပ်များကို ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကြကြောင်း သိရှိရသည်။
မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်သော မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ဇွန်လ ၂၇ ရက်နေ့မှ စတင် တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် ၄ ပတ်အကြာ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း အားလုံးကို ရှင်းလင်း သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စန်းများဖြစ်သော ၃၄၈ ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ၊ခလရ (၂၆၇)စခန်း၊ ခမရ(၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကိုလည်း အလုံးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယနေ့တွင် မိုးမိတ်ပြည်သူများက မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများကို လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။