အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟုဆို

by

in

အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၉

အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၆၀၀၀ ကျော် ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟု ယနေ့ ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်သည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသည့်ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်များ ဖြင့် လူမှုကွန်ယက် စာမျက် နှာများဖြစ်သည့် Facebook၊ Telegram၊ Viber စသည် Online Platform မျိုးစုံမှ အမှန်တကယ် အရောင်း အဝယ်မဖြစ်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်မရှိဘဲ ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်စေရန် နှင့် နိုင်ငံခြားငွေဈေးကွက်ပျက် ပြားစေရန် ဆောင် ရွက်လျက်ရှိကြောင်း၊ ဒေါ်လာစျေးဆွဲတင်သည့် NUGGETS စသည့် Viber Group များ၊ Hlaing Htet Arkar(nGa wAi)၊ ယူရိုဒေါ်လာရောင်းဝယ်ပို့ဆောင်သူများဆုံဆည်းရာ၊ ဒေါ်လာရောင်းသူဝယ်သူတိုက်ရိုက် (dollor buyer seller direct)၊ Su Myat Kyaw၊ US vs BURMA Dollar kyat Trade၊ ရွှေမင်းဂံငွေလဲဆိုင်၊ Khit Thit Media စသည့် Facebook Page များ, Group များ၊ Myo Zaw Aung – GOLD & CURRENCY, Khit Thit Media စသည့် Telegram Channel များကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ကြေညာသည်။
ယနေ့ စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ အထိ မြင့်တက်လာမှုမှာ ပြည်တွင်းတွင် စီးပွားရေးတစ်ခုလုံးပြိုလဲလာခြင်းကြောင့်ဖြစ် ကြောင်း ရန်ကုန်စီးပွားရေးသမားတချို့က သုံးသပ်ပြောဆိုသည်။
“လက်တွေ့ အကြောင်းအတရား အခြေအနေကို လက်မခံဘဲ အဲဒီလို ပေါတောတောတွေ ကြေ ညာချက်ထုတ်နေသမျှ ကာလပတ်လုံးတော့ ဒီနိုင်ငံရဲ့ ငွေကြေးစနစ် ပျက်စီးနေဦးမှာပဲ။ တကယ်တမ်းဖြစ်နေတဲ့ Root Cause အကြောင်း တရားကို မကြည့်ဘဲ ဟိုလူ့ အပြစ်တင် ဒီလူ့အပြစ်တင်နဲ့တော့ ဒီထက်အခြေ အနေပိုဆိုးဖို့ပဲရှိတယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက သုံးသပ်သည်။
ယနေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၁၅၀ ကျပ်အထိ စျေးနှုန်းမြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် တစ်ဒေါ်လာ ၆၁၀၀ ဝန်းကျင်ဖြင့် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေနှင့် ဘဏ်၏ ကြေညာချက်။