ယုန်လေး၏ ရုပ်ရှင်အထူးပွဲလာရောက်​သော မီဒီယာများ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟုဆို

by

in

ယုန်လေး၏ ရုပ်ရှင်အထူးပွဲလာရောက်​သော
မီဒီယာများ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟုဆို
ဆဏ်း / People’s Spring

ရုပ်ရှင်အထူးပွဲသို့လာရောက်မည့် မီဒီယာများအနေဖြင့် ကတ်များဆွဲကာ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟု စစ်တပ်အမာခံထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ အထူးပွဲမတိုင်မီ မင်္ဂလာရုပ်ရှင်ရုံအုပ်စုက အသိ
ပေးလိုက်သည်။
အဆိုပါသတိပေးချက်ကို မင်္ဂလာရုပ်ရှင်ရုံအုပ်စု၏ ဖေ့စ်ဘွတ်ခ်၌ တရားဝင်ကြေညာထားခြင်းမရှိသော်လည်း စစ်ကောင်စီသတင်းများအသား​ပေး​ဖော်ပြ​နေ​သော ပေါ်ပြူလာမီဒီယာမှ မြတ်ခိုင်၏ ဖေ့စ်ဘွတ်ခ်၌ ကြေညာထားခြင်းဖြစ်သည်။
မီဒီယာသမားများအနေဖြင့် ဝန်ထမ်းကဒ်များကို ချိတ်ဆွဲထားကာ လုံခြုံရေးအရ စစ်မေးမြန်းခြင်းကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း မင်္ဂလာရုပ်ရှင်ရုံအုပ်စု၏ အမှတ်တံဆိပ်နှင့် ကြေညာစာကို မြတ်ခိုင်က “မိုက်ပေါင်းတပ်ဖွဲ့ သိရှိနိုင်ပါရန် ” ဟုရေးသားကာတင်ထားခြင်းဖြစ်သည်။
ထို့ပြင် ရုပ်ရှင်ရုံဘက်မှ လည်ဆွဲကတ်များပြုလုပ်ထားကာ တတ်ရောက်သည့် မီဒီယာများ အနေဖြင့် Register ပြုလုပ်ရမည်ဖြစ်ကြောင်း ဓာတ်ပုံများနှင့်အသိပေးထားသည်။
ရုပ်ရှင်အထူးပွဲများကို ရုပ်ရှင်များ ရုံမတင်မီ မီဒီယာများကို ဖိတ်၍ ပြသလေ့ရှိပြီး ယခုကဲ့သို့ ကဒ်များဆွဲ၍ လုံခြုံရေးစစ်ဆေးမှုများပြုလုပ်ခြင်းမရှိခဲ့ဘဲ ယုန်လေး၏ ဇာတ်ကားရုံတင်မည့် အချိန်မှသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အော်ရီဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်အထူးပွဲကို ယခင်က အောက်တိုဘာ ၈ ရက်တွင် သမ္မတရုပ်ရှင်ရုံ၌ပြုလုပ်ရန်စီစဉ်ထားသော်လည်းအောက်
တိုဘာ ၁၀ ရက်သို့ ပြောင်းလိုက်ကြောင်းယုန်လေး
က ၎င်း၏ဖေ့စ်ဘွတ်ခ်၌ယနေ့(အောက်တိုဘာ ၅)
အသိပေးထားသည်။
ရုပ်ရှင်အထူးပွဲကို အနုပညာသတင်းဖော်ပြသည့်
မီဒီယာများ တတ်ရောက်ကြ​လေ့ရှိသည်။ယခုနောက်ပိုင်းတွင် အနုပညာ မီဒီယာအချို့ကရုပ်ရှင်အထူးပြပွဲများကိုအခကြေးငွေယူ၍ တိုက်ရိုက်ထုတ်လွှင်မှုလည်းရှိသည်။
တော်လှန်ရေးအင်အားစုများက မီဒီယာများကိုလည်း Social Punishment ပြုလုပ်သည့် အနုပညာရှင်များကို မေးမြန်းခြင်းမပြုလုပ်ရန် တောင်းဆိုခဲ့ဖူးသော်လည်း အနုပညာမီဒီယာများ
မှာပုံမှန်အတိုင်း သတင်းရယူ​ဖော်ပြ​နေကြခြင်းဖြစ်သည်။ထို့အပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အနုပညာမီဒီယာများမှာ ယခင်ကထက်ပင် ပိုများလာသည်။
အဆိုပါရုပ်ရှင်သည် ပုံမှန်တန်းစီစနစ်အရ ရုံများပြန်လည်ဖွင့်သည့် ၂၀၂၂ တွင် ရုံတင်ရမည်ဖြစ်သော်လည်း ယင်းအချိန်က ယုန်လေးကို ပြည်သူများက လူမှု​ရေးပြစ်ဒဏ်ခတ်မှု (Social Punishment) ပြုလုပ်နေသောကြောင့် မတင်ခဲ့ခြင်းဖြစ်သည်။
ယခုနောက်ပိုင်းတွင် ယုန်လေးက ပရဟိတအလုပ်အချို့ကို လုပ်၍ ပြည်သူရှေ့သို့ ပြန်ထွက်လာပြီး လက်ရှိကြုံနေရသည့် ရေဘေးတွင်လည်း လှူဒါန်းပြနေသည်ကိုတွေ့ရသည်။ထိုအပြင်ဇာတ်ကား
ကိုလာရောက်ကြည့်ရှုပါကရေဘေးအတွက်လှူ
ဒါန်းမှုဖြစ်မည်ဟု ယင်းရုပ်ရှင်တွင် ပါဝင်သရုပ်
ဆောင်ထားသည့် မိုးယံဇွန်က အနုပညာအသား
ပေးဖော်ပြနေသောမီဒီယာများ၌ဖြေကြားထား
သည်။
စစ်တပ်အာဏာသိမ်းမှုကို​​ထောက်ခံပြီး စစ်​ကောင်
စီနှင့်ပူးပေါင်းသည့် အနုပညာရှင်များကိုလူမှု​ရေးပြစ်ဒဏ် Social Punishment ပြုလုပ်ရန် အ
တွက် တော်လှန်ရေးအင်အားစုများက အကြိမ်
ကြိမ်တိုက်တွန်းခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း ယုန်လေးကဲ့
သို့စစ်တပ်ထောက်ခံသည့် အနုပညာရှင် များကို Social Punishment ပြုလုပ်ရန်စမ်းချောင်း
ပင်မသပိတ်‌စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးက သတိပေးသည်။
ယုန်လေးသည် အာဏာမသိမ်းမီ အချိန်ကတည်း
က အာဏာသိမ်းခံရသည့်ပုံစံဖြင့် Music Video ရိုက်ကူးပြခဲ့သောကြောင့် ယင်းအချိန်ကတည်းက ဝေဖန်မှုများခံခဲ့ရခြင်းဖြစ်သည်။
အာဏာသိမ်းစကာလတွင် ပြည်သူများဘက်မှ ပါဝင်သယောင်နေခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပွဲများတွင် တတ်တတ်ကြွကြွပါဝင်ပေးနေသူတစ်ဦးဖြစ်သည်။
ယုန်လေးသည် ၎င်းကိုယ်တိုင်သာမကအာဏာ
သိမ်းပြီးစတွင်ဆန္ဒပြပွဲ နှင့် နွေဦးတော်လှန်ရေးတွင် ခတ္တပါဝင်ခဲ့သည့် ပိုင်တံခွန် ၊ G Fatt တို့အပါအဝင် အခြားအနုပညာရှင်များကိုလည်း စစ်ကောင်စီ၏ပွဲများသို့ ဖိတ်ကြားခဲ့သူဖြစ်သည်။