သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကို အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေ…

by

in

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကို အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေ…
အောက်တိုဘာ ၅ ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၅ ရက် ဒီနေ့ မနက်အစောပိုင်းအချိန်က သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ် ခလရ (၂၃)တပ်စခန်းနေရာကို စစ်ကောင်စီတပ်က Jet Fighter နဲ့ (၅)ကြိမ် ဗုံး(၈)လုံး ကြဲချခဲ့ပြီး နောင်ချိုမြို့ စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာမှာတော့ Y-12 နဲ့ (၇)ကြိမ် ဗုံး(၅၉)လုံးကို အဆိပ်ငွေ့ဗုံးအပါအ၀င် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို့ တောင်ခမ်းရွာက စစ်ကောင်စီတပ်ရဲ့ (၉၀၂)တပ်စခန်းနေရာကိုလည်း ထောက်ပို့ယာဉ် Y-8 နဲ့ (၇)ကြိမ် လက်နက်ခဲယမ်း အထုပ် (၆၀) လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် အခုလို နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။