ရန်ကုန်မြစ် ထူးကဲဒီရေတက်မယ်လို့ သတိပေးထုတ်ပြန်

by

in

ရန်ကုန်မြစ် ထူးကဲဒီရေတက်မယ်လို့ သတိပေးထုတ်ပြန်
မျက်‌မှောက်ခေတ်၊ အောက်တိုဘာ ၅
ရန်ကုန်မြစ်အတွင်း အောက်တိုဘာလ ၁၆ ရက်ကနေ အောက်တို ဘာလ ၂၁ ရက်အတွင်း ထူးကဲ ဒီရေတက်ဖွယ်ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းဌာနက ထုတ်ပြန် သတိပေးထားပါတယ်။
အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ ကျော်ကနေ ၂၁ ပေကျော်အထိ တူးကဲ ဒီရေ တက်ဖွယ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြစ်ကမ်းနားဒေသအနီး နေထိုင်ကြတဲ့ ပြည်သူတွေ ကြိုတင်ဆောင်ရွက်ထားဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြစ်ထဲ ထူးကဲဒီရေတက်နိုင်မယ်ဆိုတာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကြေငြာထားတာတွေ့ပါတယ်။

အခုလက်ရှိပဲခူးမြစ်ရေ၊ လှိုင်မြစ်ရေတွေက ပုံမှန်ရေအမှတ်အထိကျနေပြီး ငမိုးရိပ်တမံကလဲ ရေပြန်ကျနေပြီဖြစ်တာကြောင့် ငမိုးရိပ်ချောင်းဘေးအနိမ့်ပိုင်းရပ်ကွက်များကလွဲရင် စိုးရိမ်စရာမရှိပါ။
မိုးရွာနိုင်မယ်ဆိုရင်တောင် မိုးများနိုင်မှာမဟုတ်ပေမဲ့ TIDE-FORECAST က တင်ထားတဲ့ ရန်ကုန်မြစ်ရေအမြင့်က ၁၈-၁၉-၂၀ ၃ ရက်၊ နံနက်အစောပိုင်း အိပ်ကောင်းချိန်တွေမှာ အမြင့်ဆုံး ၂၃.၀၇ ပေအထိရှိနိုင်ကြောင်း ထုတ်ပြန်ထားတာလဲရှိနေတာကြောင့် – ငမိုးရိပ်ချောင်းဘေးတဘက်တချက်က ရေဝင်တတ်တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ သတိထားကြရပါဦးမယ်။

Win Naing