KNU တပ်မဟာ ၅ နယ်မြေတွင် တပ်ဆုတ်လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်း ရရှိ (ရုပ်/သံ)

by

in

KNU တပ်မဟာ ၅ နယ်မြေတွင် တပ်ဆုတ်လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်း ရရှိ (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်အတွင်း၌ တပ်ပြန်ဆုတ်လာသောအကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၃၀ ရက်နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က ဖာပွန်(မူတြော်)ခရိုင် လူသောမြို့နယ်၊ ဖာဂေါ်လိုးစခန်းမှ ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ပြန်ဆုတ်လာသော အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို အမှတ် ၅ တပ်မဟာ လက် အောက်ရှိ ကရင်အမျိုးသား ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက လယ်ဝါးထာနှင့် စောမူပလော ဒေသအရောက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦးတိတိ သေဆုံးသွားခဲ့ပြီး ထွက်ပြေးနေသူများမှာလည်း ပျောက်ဆုံးနေကြောင်း သိရ သည်။
ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော ၆၀ မမ လက်နက်ကြီး ၅ လက်၊ RPG ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၁၆ လက်၊ MA-2 သေနတ် ၃ လက်၊ MA-3 သေနတ် ၅ လက်၊ MA-4 သေနတ် ၁ လက်၊ A-5 သေနတ် ၁ လက်၊ 9မမ ပစ္စတို သေနတ် ၁ လက်၊ စက်လတ် သေနတ် ၂ လက်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၄ လုံး၊ စကားပြောစက်အသေး ၁ လုံးနှင့် မိုင်းရှင်းစက် ၁ လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းငယ်တစ်ခုဖြစ်သော်လည်း 6 mm 5 လက် ထောက် သယ်ဆောင်လာသည့် အပြင် ဆက်သယ်ရေး စက်ကြီး ၄ လုံးပါ သယ်ဆောင်အသုံးပြုခဲ့ သည့် စစ်ကြောင်းဖြစ်ဖြစ်သဖြင့် မည်သို့ အခြေအနေမျိုးဖြစ်နေသည်ကို မေးခွန်းထုတ်စရာဖြစ် ကြောင်း KNLA တပ်မဟာ ၅ က ပြောဆိုထားသည်။