ဘုတလင်တွင် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းမှု စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ၊ လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိ

by

in

ဘုတလင်တိုက်ပွဲ စစ်​ကောင်စီတပ် ၃၅ဦး​​ကျော်သေ၊၄၃ ဦးအရှင်ဖမ်မိ ၊လက်နက်မျိုးစုံ ၅၇လက်
နှင့်ခဲယမ်းများသိမ်းဆည်းရရှိ(ရုပ်သံ)
▪︎”အထိအခိုက် နည်းနည်းနဲ့ ချေမှုန်း နိုင်တာ စည်းလုံးမူ့,စုဖွဲ့မူ့,ညီညွတ်မူ့ ကြောင့်ပါပဲဗျ”
-တာဝန်ရှိသူ (မုံရွာခရိုင်အမှတ်၂၀တပ်ရင်း BOB)
ဒီပ/People’s Spring

ဘုတလင်မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၃၅ ဦး​​ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိကာလက်နက်မျိုးစုံ ၅၇ လက်နက် နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့​ကြောင်း မုံရွာခရိုင်အမှတ်(၂၀)
တပ်ရင်း က​အောက်တိုဘာ ၁ ရက်ညတွင် ထုတ်
ပြန်သည်။
စက်တင်ဘာလ(၃၀)ရက်နေ့ ဘုတလင်မြို့နယ် ကူတော်ရွာရှိစစ်​ကောင်စီတပ် စခန်းကုန်းသို့ မြေပြင်စစ်ကူလာသော အင်အား(၈၀)ကျော် ပါစစ်ကူစစ်ကြောင်းသည် ဘုတလင်မြို့သို့ ပြန်လည်ဆုတ်ခွာရာ တော်လှန်ရေးတပ်ပေါင်းစုများက
ဘုတလင်-ကူတော် လမ်းတဝက်တစ်နေရာတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီ ၄၃မိနစ်မှ ညနေ ၅နာရီ ၄၀ မိနစ်အချိန်ထိ (၅) နာရီကြာခဲ့ပြီး
စစ်​ကောင်စီတပ်မှအရှင်(၄၃)ဦး၊အသေ(၃၅)ဦးကျော်နှင့်အတူ ပစ္စတို (၁)၊လက်နက်ငယ် (၅၄)
လက်၊၆၀မမ စိန်ပြောင်း(၂)လက်၊ဒရုန်း(၃)စီး၊ဂျန်မာစက်(၂)လုံးနှင့်အတူ ဆက်စပ် ခဲယမ်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပစ္စည်းအမြောက်အများသိမ်းဆည်းရရှိခဲ့​ကြောင်း
မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း( Battalion of butalin- BOB) ကအသိ​ပေးသည်။
ထိုအပြင်တိုက်ပွဲတွင်လက်နက်ယူ၍ ထွက်ပြေးလွတ်မြောက် သွား​သောစစ်​ကောင်စီတပ်သား ၅ ဦး ခန့်ရှိနိုင်​ကြောင်းမုံရွာခရိုင် အမှတ်၂၀ တပ်ရင်း BOB မှတာဝန်ရှိသူက​ပြောသည်။
တိုက်ပွဲဖြစ်ပွားစဥ် စစ်​ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်လေကြောင်းပစ်ကူ အပြင်းအထန် တိုက်ခိုက် ခုခံခဲ့သော်လည်း ပူး​ပေါင်းတပ်များထိခိုက်မှုမရှိဟုဆိုသည်။
စစ်သုံ့ပန်းများတွင် သုံးပွင့် ဗိုလ်ကြီးနှင့် တစ်ပွင့် ဒုအရာခံ ဗိုလ်တစ်ဦးပါဝင်ကြောင်း PDF အချို့က​ပြောသည်။
“ဗိုလ်နှစ်ကောင်နဲ့အတူမိတာ ၄၅ ယောက်။ ရုပ်အလောင်းတွေကတော့ ပျံ့ကြဲနေတာ။ လက်နက်နဲ့ ထွက်ပြေးနေတာတွေလည်း ရှိနေတယ်။ ပြည်သူတွေကို သတိပေးထားတယ်”ဟုပြည်သူ့ကာကွယ်
ရေးရဲဘော်တစ်ဦးက People’s Spring သို့ ​အောက်တိုဘာ ၁ ရက်မနက်ပိုင်းတွင်ပြောသည်။
စစ်​ကြောင်းတစ်ခုလုံးပျက်သွား​သောစစ်​​ကောင်စီတပ်ကိုမုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနှင့်အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်)၊BMT(ဘုတလင်မိုဘိုင်းလ်တီးမ်)၊ FRF ၊မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆)၊ ‌‌PLA (ကွန်မြူနစ်တပ်)၊ BLDF၊ 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ရေဦး၊ဒီပဲယင်း ပကဖ‌‌များ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နှင့်အတူ တခြားမဟာမိတ်အဖွဲ့များ ကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
“အထိအခိုက် နည်းနည်းနဲ့ ချေမှုန်း နိုင်တာ စည်းလုံးမူ့,စုဖွဲ့မူ့,ညီညွတ်မူ့ ကြောင့်ပါပဲဗျ”ဟုမုံရွာခရိုင် အမှတ်၂၀ တပ်ရင်း BOB မှ တာဝန်ရှိသူ ကစစ်တပ်စစ်​ကြောင်းတခုလုံး​ကို ​တော်လှန်​ရေးတပ်များကအထိအခိုက်နည်းနည်းဖြင့်​ချေမှုန်းနိုင်ခဲ့သည့်အ​ကြောင်းရင်းကို​ပြောသည်။
ထိုစစ်ကူစစ်​ကြောင်းသည် ကူ​တော်ရွာရှိ စစ်တပ်စခန်းကို ​တော်လှန်​ရေးပူး​ပေါင်းတပ်များက စက်တင်ဘာ ၂၀ ရက်ကတိုက်ခိုက်စဥ် ဘုတလင်မြို့မှ စစ်ကူလာကြခြင်းဖြစ်သည်။ဘုတလင်မြို့နယ်၊ကူတော်ရွာရှိစစ်တပ်စခန်းကုန်းအား
မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနှင့်အတူ မဟာမိတ်‌ တော်လှန်‌ ရေး တပ်ပေါင်းစုများက စက်တင်ဘာ
၂၀ ရက်တွင်မနက် ၇နာရီ မှ နေ့လယ် ၂နာရီချိန်ထိ (၇) နာရီကြာ ထိုးဖောက်တိုက်လိုက်၍စခန်းသိမ်း တိုက်ပွဲဆင်နွှဲ့ခဲ့သည်။
စစ်​ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူ ၁၂ ကြိမ်​ပေးပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဘုတလင်မြို့မှ အင်အား (၈၀)ကျော်ပါ မြေပြင်စစ်ကူလာခဲ့သောကြောင့် တော်လှန်ရေး တပ်ပေါင်းစုများက ဆုတ်ခွာ ပေးခဲ့ရသည်။ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးခဲ့သည်။
ထိုစခန်းကုန်းမှာစစ်ကူစစ်​ကြောင်းသည် ဘုတလင်မြို့သို့ စက်တင်ဘာ ၃၀ အပြန်တွင် ​တော်လှန်​ရေးပူး​ပေါင်းတပ်မျာက စစ်​ကြောင်းတစ်ခုလုံးပျက်သွား​အောင်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
“ပြည်သူတွေကို ပြောချင်တာထက် တော်လှန်ရေး တပ်ဖွဲ့တွေ အနေနင့် စည်းလုံးမှုရဲ့ ရလဒ်ကို မြင်ပြီး ကျန်တာတွေ ဘေးချိတ်ထား ပန်းတိုင်ကို ရောက်ဖို့ အခု ချိန်က စည်းလုံးမူ့ ဟာ အရေးကြီးဆုံးပဲဆို ပြောချင်တယ်။ ပြည်သူတွေကိုတော့ ဆက်လက် တာဝန်ကျေပေးကြပါဦးလို့ အားနာနာ နင့် ပြောချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။
ရုပ်သံ -မုံရွာခရိုင်အမှတ်(၂၀) တပ်ရင်း-BOB)

ဘုတလင်တွင် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းမှု စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ၊ လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းရာ စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကူတော်စခန်းမှ ထွက်လာသော အင်အား ၈၀ ဝန်းကျင်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြို့နယ်ပကဖ၊ ပြည်သူ့ကာကွယ်​ရေး တပ်မ​တော်၊ မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းတိုပါဝင်သော မဟာမိတ်အင်အားစု ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးပြီး ၄၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ငယ် ၅၇ လက် ၊ ၆၀ မမ စိန်ပြောင်း ၂ ခု၊ ဒရုန်း ၂ စီးအပြင် ဂျန်ပါအကြီး ၁ ခုနှင့် ကျည် အများပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အကြမ်းစစ်တပ် စစ်ကြောင်းတစ်ခုလုံးကို အပြတ်ချေမှုန်းခဲ့သည်မှာ မြေပြန့်တွင် ပထမဆုံး တိုက်ပွဲ ဖြစ်ပြီး အတင်းအဓမ္မ စုဆောင်းထားပြီး ရှေ့တန်းကို ပို့ဆောင်ထားသည့် တပ်သားသစ်များနှင့် စစ်တိုက်ရန် အလုပ်မဖြစ်နိုင်ခြင်းကို ပြသနေကြောင်း ပကဖ သတင်းရင်းမြစ်က ပြောဆိုသည်။