ဆော့လော်မြို့နှင့် စစ်ကောင်စီ တပ်စခန်းအားလုံးကို ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိ

by

in

ဆော့လော်မြို့နှင့် စစ်ကောင်စီ တပ်စခန်းအားလုံးကို ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိ
ရန်ကုန်၊

ကချင်ပြည်နယ်၊ ချီဗွေခရိုင်၊ ဆော့လော်မြို့နယ်ရှိ ဆော့လော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ချီဖွေခရိုင်၊ ဆော့လောမြို့နယ်ရှိ ဆော့လော် မြိုနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်း၊ ပြည်သူ့စစ် စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိထားပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။
“ဆော့လော်မြို့မှာတော့ စစ်ခွေး ကင်းစင်သွားပါပြီ။ တပ်စခန်းတွေအားလုံးကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။ စစ်ခွေး အသေအဆုံးစာရင်းနဲ့ လက်နက်ခဲယမ်းစာရင်းတော့ မရသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။
အလားတူ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး ချီဗွေမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြည်သူ့စစ် စခန်း ၊ ချီဗွေမြို့မရဲစခန်း၊ ၄ မိုင် စုပေါင်းဂိတ်စခန်း နှင့် ဗျူဟာ တပ်စခန်းကုန်းတို့ကို KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ချီဗွေမြို့ကိုပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။