စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျောက်ဆည်၊တံတားဦးနှင့် ရွှေဘိုတို့တွင် စစ်တပ်က လူငယ်အများအပြားကို ဖမ်းဆီး ရန်ကုန်၊ စက်တင်ဘာ ၃၀ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နှင့် တံတားဦးမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင် စစ်မှုထမ်းရန် အတွက် လူငယ်အများအပြား ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ ပိတောက်မြိုင်လမ်းတွင် စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ “မနေ့ မနက် ၅ နာရီမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ ပိတောက်မြိုင်လမ်းမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဆိုပြီး လာရောက်ခေါ်ဆောင်သွားပါတယ်။ ခေါ်တယ်ဆိုတာက စစ်မှုထမ်းဖို့ ရှောင်နေတဲ့ လူငယ်တွေကို ဝင်ဖမ်းပြီး ခေါ်သွားတာ” ဟု​ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်း မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်ကွက်တွင် စစ်တပ်နှင့်ရဲများက လူငယ် ၁၅ ဦးကိုလည်းကောင်း၊ အခြားရပ်ကွက် (မြင့်ဆိုင်း အပုံ၀ိုင်း) များမှလည်း လူငယ် ၂၀ ဦးကိုလည်းကောင်း ဖမ်းဆီးသွားကြောင်း၊ လူငယ် ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ပြန်လည်ရွေးခိုင်းပြီး မရွေးနိုင်သူများကို တပ်သားသစ် အဖြစ် စုဆောင်းသွားကြောင်း သိရှိရသည်။ ထို့အတူ စက်တင်ဘာလ ၂၉ ရက်နေ့ မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းရှိ အရက်ဆိုင်များ၊ KTV တချို့ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ရာတွင် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံရသော လူငယ်များကို စစ်တပ်ကနှစ်နေရာ ခွဲ၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။ “အရက်ဆိုင်ကထွက်လာတဲ့လူငယ်တွေရော၊ KTV ကထွက်လာတဲ့လူငယ်တွေရော အားလုံးပေါင်း ၅၀ကျော်လောက်ရှိမယ်။ စစ်တပ်က ဖမ်းသွားတာ။ ဖမ်းထားတဲ့လူတွေ ‌ ဘယ်လင်းသွားတဲ့လမ်းဘက်က စွန်ရဲ တောင်‌တွေ တစ်နေရာစီ ခွဲထားတယ်။ ထုတ်လို့လည်းမရ၊ တွေ့လို့လည်းမရဘူး။ စစ်မှုထမ်း စုဆောင်းရေး ပို့မှာတဲ့” ဟု ဖမ်းဆီးခံရသူ လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ထို့ပြင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာစျေးမှ စျေးရောင်းစျေးဝယ်လုပ်နေကြသည့် ပြည်သူများ၊ လက်ဖက်ရည်ဆိုင် ထိုင်နေကြသည့် ပြည်သူ ၃၀ ဦးဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ငွေဖြင့်ပြန်လာရွေးရန် ပြောဆိုပြီး လာမရွေးနိုင်သူများကို စစ်တပ်အတွင်းသို့ ပို့ဆောင်မည်ဟု စစ်တပ်က ပြောဆိုကြောင်း သိရှိရသည်။ “ရွှေဘိုမြို့အောင်ချမ်းသာစျေးက ကျေးရွာတွေကနေ အများဆုံး လာရောက်ရောင်းချဝယ်ယူနေတဲ့ မနက်ခင်းမှာ ဝင်ဖမ်းတယ်။ နောက်ပြီး မြို့ပေါ်တက်လာတဲ့ ပြည်သူတွေကို အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ မှတ်ပုံတင်၊ ယဥ်လိုင်စင်၊ လူလိုင်စဥ်တွေစစ်တယ်။ မှတ်ပုံတင်မပါရင် ဒဏ်ငွေ ၅သောင်း၊ ယဥ်လိုင်စင်မပါရင် ငွေ ၁သိန်း ချက်ချင်းတောင်းတယ်။ စစ်တပ်က။ ဒီနေ့မှာ ချီပါရွာက သားအမိ ၂ ဦး၊ ဘိုတည်ကုန်းရွာက လင်မယား၂ဦးနဲ့ အခြားအမည်မသိသူ ၂ ဦးကိုလည်း ဖမ်းဆီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၅ အတွက် စစ်တပ်က အတင်းအဓမ္မ စုဆောင်းခဲ့သော လူငယ်များ။

by

in

စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျောက်ဆည်၊တံတားဦးနှင့် ရွှေဘိုတို့တွင် စစ်တပ်က လူငယ်အများအပြားကို ဖမ်းဆီး
ရန်ကုန်၊ စက်တင်ဘာ ၃၀

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နှင့် တံတားဦးမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင် စစ်မှုထမ်းရန် အတွက် လူငယ်အများအပြား ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ ပိတောက်မြိုင်လမ်းတွင် စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“မနေ့ မနက် ၅ နာရီမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ ပိတောက်မြိုင်လမ်းမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဆိုပြီး လာရောက်ခေါ်ဆောင်သွားပါတယ်။ ခေါ်တယ်ဆိုတာက စစ်မှုထမ်းဖို့ ရှောင်နေတဲ့ လူငယ်တွေကို ဝင်ဖမ်းပြီး ခေါ်သွားတာ” ဟု​ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်း မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်ကွက်တွင် စစ်တပ်နှင့်ရဲများက လူငယ် ၁၅ ဦးကိုလည်းကောင်း၊ အခြားရပ်ကွက် (မြင့်ဆိုင်း အပုံ၀ိုင်း) များမှလည်း လူငယ် ၂၀ ဦးကိုလည်းကောင်း ဖမ်းဆီးသွားကြောင်း၊ လူငယ် ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ပြန်လည်ရွေးခိုင်းပြီး မရွေးနိုင်သူများကို တပ်သားသစ် အဖြစ် စုဆောင်းသွားကြောင်း သိရှိရသည်။
ထို့အတူ စက်တင်ဘာလ ၂၉ ရက်နေ့ မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းရှိ အရက်ဆိုင်များ၊ KTV တချို့ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ရာတွင် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံရသော လူငယ်များကို စစ်တပ်ကနှစ်နေရာ ခွဲ၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။
“အရက်ဆိုင်ကထွက်လာတဲ့လူငယ်တွေရော၊ KTV ကထွက်လာတဲ့လူငယ်တွေရော အားလုံးပေါင်း ၅၀ကျော်လောက်ရှိမယ်။ စစ်တပ်က ဖမ်းသွားတာ။ ဖမ်းထားတဲ့လူတွေ ‌ ဘယ်လင်းသွားတဲ့လမ်းဘက်က စွန်ရဲ တောင်‌တွေ တစ်နေရာစီ ခွဲထားတယ်။ ထုတ်လို့လည်းမရ၊ တွေ့လို့လည်းမရဘူး။ စစ်မှုထမ်း စုဆောင်းရေး ပို့မှာတဲ့” ဟု ဖမ်းဆီးခံရသူ လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာစျေးမှ စျေးရောင်းစျေးဝယ်လုပ်နေကြသည့် ပြည်သူများ၊ လက်ဖက်ရည်ဆိုင် ထိုင်နေကြသည့် ပြည်သူ ၃၀ ဦးဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ငွေဖြင့်ပြန်လာရွေးရန် ပြောဆိုပြီး လာမရွေးနိုင်သူများကို စစ်တပ်အတွင်းသို့ ပို့ဆောင်မည်ဟု စစ်တပ်က ပြောဆိုကြောင်း သိရှိရသည်။
“ရွှေဘိုမြို့အောင်ချမ်းသာစျေးက ကျေးရွာတွေကနေ အများဆုံး လာရောက်ရောင်းချဝယ်ယူနေတဲ့ မနက်ခင်းမှာ ဝင်ဖမ်းတယ်။ နောက်ပြီး မြို့ပေါ်တက်လာတဲ့ ပြည်သူတွေကို အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ မှတ်ပုံတင်၊ ယဥ်လိုင်စင်၊ လူလိုင်စဥ်တွေစစ်တယ်။ မှတ်ပုံတင်မပါရင် ဒဏ်ငွေ ၅သောင်း၊ ယဥ်လိုင်စင်မပါရင် ငွေ ၁သိန်း ချက်ချင်းတောင်းတယ်။ စစ်တပ်က။ ဒီနေ့မှာ ချီပါရွာက သားအမိ ၂ ဦး၊ ဘိုတည်ကုန်းရွာက လင်မယား၂ဦးနဲ့ အခြားအမည်မသိသူ ၂ ဦးကိုလည်း ဖမ်းဆီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၅ အတွက် စစ်တပ်က အတင်းအဓမ္မ စုဆောင်းခဲ့သော လူငယ်များ။

စဉ့်ကိုင် ပုလိပ်မြို့အနီးက ကျေးရွာတွေမှာ စစ်အုပ်စု ပေါ်တာဆွဲ၊
ကျောက်ဆည်နဲ့ တံတားဦးမှာလည်း စစ်အုပ်စုက ပေါ်တာဆွဲနေ၊
ရေဘေးဒုက္ခ မလွန်မြောက်သေးခင် ပေါ်တာဆွဲခံနေရလို့ ပြည်သူတွေ နှစ်ထပ်ကွမ်း ဒုက္ခရောက်၊
တေဇ/MFP ၊ စက်တင်ဘာ – ၂၉
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပုလိပ်မြို့အနီးက ကျေးရွာတွေကို စစ်အုပ်စုက ပိတ်ဆို့စီးနင်းကာ လူငယ် လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာလ ၂၇ရက် ညပိုင်းက စဉ့်ကိုင်မြို့နယ် ပုလိပ်မြို့အနီးက ကျေးရွာတွေကို စစ်အုပ်စုက နာရေးကား၊ လူနာတင်ကားတွေနဲ့ လာရောက် စီးနင်းကာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
“စဥ့်ကိုင်မြို့နယ် ဆီဆုံရွာကို ၂၇ရက်၊ ည ၈လောက်မှာ မသာကားနဲ့ ပေါ်တာဝင်ဆွဲတာ လူငယ် တော်တော်များများ ပါသွားတယ်၊ ပလိပ်ရဲစခန်းမှာ ငွေနဲ့ ရွေးနိုင်တဲ့သူတွေကို လွှတ်မှာ၊ မပေးနိုင်တဲ့ ကလေးတွေတော့ စစ်မှုထမ်းထဲ ထည့်မှာတဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆီဆုံရွာဟာ ပုလိပ်မြို့အနီးမှာ တည်ရှိပြီး ပထမဆုံးအကြိမ် ပေါ်တာဆွဲခံရတာလို့ ဆိုပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသူ လူငယ်အများစုဟာ သာမန် လက်လုပ်လက်စား ဆင်းရဲသားတွေ ဖြစ်လို့ စစ်အုပ်စု တောင်းတဲ့ငွေပေးပြီး ရွေးထုတ်နိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အဲ့ဒီ ပေါ်တာဆွဲထားတဲ့ လူငယ်တွေကို ပြန်လည်ရွေးထုတ်လိုပါက ဆေးစာနဲ့အတူ ငွေကျပ်သိန်း ၈၀ တောင်းခံပြီး ငွေပေးနိုင်သူကို စစ်အုပ်စုက ပြန်လွှတ်ပေးနေတယ်လို့ မန္တလေးမြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။
“စဉ့်ကိုင်နှင့် ပလိပ်မြို့တို့တွင် ယခုရက်ပိုင်းအတွင်း ည ၇နာရီနောက်ပိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ များပြား လာကြောင်း သိရသည်။ ပေါ်တာဆွဲခံရလျှင် လူပြန်ရွေးလိုပါက ဆေးစာနှင့် ငွေ သိန်း ၈၀ ပေးနိုင်မှ ပြန်လွှတ်ပေးကြောင်း သိရသည်။ ယခုလို လိုက်လံ ပေါ်တာဆွဲနေသည့် ရက်ပိုင်းအတွင်း လျှပ်စစ်မီးများကို ည ၇ နာရီ နောက်ပိုင်းတွင် ဖြတ်တောက်ထားကြောင်း” လို့ Vomdy က ဆိုပါတယ်။
အလားတူ ကျောက်ဆည်နဲ့ တံတားဦးမြို့နယ်မှာလည်း စစ်အုပ်စုက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲနေပြီး ငွေပေးနိုင်သူ ပြန်လွှတ်ပေးကာ ငွေနဲ့လာမရွေးသူကို စစ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ကျောက်ဆည်နဲ့ တံတားဦး မြို့အဝင်အထွက်တွေ၊ လမ်းဆုံလမ်းခွတွေမှာ ဂိတ်ဖွင့် ငွေညှစ်နေတဲ့ စစ်အုပ်စုက စက်တင်ဘာလ ၂၅ရက်က စလို့ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ကျောက်ဆည်မြို့ အနောက်ဘက် ရေဘေးသင့်ကျေးရွာတွေက ဒေသခံပြည်သူတွေနဲ့ တံတားဦး – မြို့သာ လမ်းပေါ် သွားလာနေတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။
“ရေကြီးလို့ တရွာလုံး ဒုက္ခဖြစ်နေတဲ့ကြားက ပေါ်တာပါ အဆွဲခံနေရတယ်။ ကျောက်ဆည်မြို့ အနောက်ဘက် ရွာတွေပါ။ တိတိကျကျ ပြောရရင် ကျောက်ဆည် – တံတားဦး ကားလမ်း (ယခင် လိုင်းကားဆွဲခဲ့ လမ်းဟောင်း) ဘေးမှာ ရှိတဲ့ ရွာတွေပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၅ရက်မှာ ကျောက်ဆည်မြို့အနောက်ဘက်ခြမ်း ရွာနှစ်ရွာက လူငယ်ငါးဦး ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်အုပ်စုက ဆက်လက် ပေါ်တာဆွဲနေလို့ ရေဘေးဒုက္ခသည်တွေ ပြေးစရာမြေ မရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အိမ်ခေါင်မြှုပ်အောင် ရေဘေး ခံထားရတဲ့ ရွာတွေပါ။ အခုထိ ချက်စားလို့တော့ မရသေးဘူး။ ပေါ်တာ မဆွဲခင်က အလှူရှင်တွေ လာပါတယ်။ အခုက ရွာထဲ၀င်ဆွဲတဲ့ အနေထားတော့ မဟုတ်ပါဘူး။ ရွာထိပ် လမ်းဆုံမှာ ဂိတ်ချပြီး လာသမျှ ဆွဲနေတာ။ ရေကြီးလို့ မြို့ထဲ ရေဘေးရှောင်နေတဲ့ သူတွေ ရေကျလို့ ရွာပြန်ဖို့ ခက်ခဲနေတယ်။ ရွာမှာ နေရစ်ခဲ့သူတွေတော့ အဆင်ပြေရာ ရှောင်နေကြရတယ်။ ရေဘေးရှောင်နေရတဲ့ သူတွေကတော့ မပြန်ရဲကြဘူး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
တံတားဦးနယ်မှာတော့ စစ်အုပ်စုက ရွာတွေထဲအထိ စီးနင်းဝင်ရောက်ကာ ပေါ်တာဆွဲနေသလို မန္တလေး – တံတားဦး – မြို့သာလမ်း၊ တံတားဦးမြို့အဝင်မှာ ဂိတ်ဖွင့်ငွေညှစ်နေတဲ့ စစ်အုပ်စုကလည်း ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက MFP ကို သတင်းပေးပို့ပါတယ်။
“တံတားဦးမြို့အဝင် မြို့သာ – တံတားဦး ကားလမ်း လက်ပံကွေ့ မောင်းတံနားမှ စောင့်ပြီး လမ်းပေါ် သွားလာနေသော လူငယ် လူငယ်ရွယ် များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ပေါ်တာ ဆွဲသွားပါတယ်။ ယနေ့ ၂၅ရက်နေ့မှာ ဆွဲတာ။ တံတားဦးမြို့နယ် အတွင်းက တခြားရွာတွေမှာလည်း ရွာအတွင်းထိ ဝင်ပြီး ပေါ်တာဆွဲသွားလို့ လူငယ် အများအပြား ပါသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမြို့နယ်ထဲ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းခဲ့ပါသေးတယ်။
ဩဂုတ်လအတွင်းက ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမှာ တစ်မြို့နယ်ကို လူ ၂၀၀ နှုန်းရအောင် ပေါ်တာဆွဲ တယ်လို့ ကြားသိရကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အလွယ်တကူ စစ်သားသစ် စုဆောင်းတာ မရလို့ သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်အုပ်စု၊ ပျူ၊ မီးသတ်၊ ထွေအုပ်နဲ့ စစ်အုပ်စု လက်အောက်ခံ Non-CDM တွေ ပူးပေါင်းကာ ပေါ်တာဆွဲပြီး လူသစ်စုတာ ဖြစ်ကြောင်း စစ်အုပ်စု ကိုယ်တိုင်ကလည်း ဝန်ခံထားပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးထားသူတွေကို ချုပ်နှောင်ထားတဲ့ စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ ရဲစခန်း/Photo – CJ
#Mandalay_Free_Press_MFP