ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို ဆင့်ခေါ် ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ဖြစ်ပွားနေ

by

in

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို ဆင့်ခေါ် ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ဖြစ်ပွားနေ
ရန်ကုန်၊ စက်တင်ဘာ ၂၇

ရန်ကုန်နှင့်မန္တလေးတို့တွင် လာမည့် အောက်တိုဘာလဆန်းပိုင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို ဆင့်ခေါ်ခြင်း၊ ငွေကြေး ခြိမ်းခြောက်တောင်းခံခြင်းနှင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပလရ အပိုင် ရေကြည်အိုင်ရပ်ကွက်တွင် ရာအိမ် မှုး ထွန်းအောင်သည် ရပ်ကွက်တွင်းရှိ အ သက် ၁၈ မှ အသက် ၃၅နှစ် အတွင်း အမျိုးသားများကို အတင်းကျပ်ဖိအားပေး လက်ရေးမူ ရုံးစာဖြင့် ဆင့် ခေါ် ခြိမ်းခြောက်ကာ စစ်မှုထမ်းဖောင်ဖြည့်ခိုင်းနေကြောင်း၊ အချို့သောလူငယ်များမှာ ကြောက်လန့်၍ ဖောင်ဖြည့်လိုက်ရပြီး အချို့လူငယ်များမှာ ရပ်ကွက်အတွင်းမှ ထွက်ပြေးနေရကြောင်း၊ ရာအိမ်မှူး ထွန်းအောင်က စစ်မှု ထမ်း လာခေါ်သည်ဟုဆိုကာ လူငယ်များကို ဖမ်းဆီး၍ ငွေကြေးခြိမ်း ခြောက်တောင်းခံကြောင်း၊ ယင်းနောက် နယ်မြေခံတပ်အရာရှိများနှင့် ငွေကြေး ခွဲဝေခြမ်းယူကြကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်းတောင်ပိုင်း တံတွေးခရိုင်၊ ကော့မှူးမြို့နယ် ဘုရားလမ်း ရပ်ကွယ် အုပ်ချုပ်ရေမှူး အသစ်က စစ်မှုထမ်းမလိုပါက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအနေဖြင့် အနည်းဆုံး ၃ သောင်းကျပ်မှ ငွေ ကျပ် ၁ သိန်းအထိ တောင်းယူနေကြောင်း သိရှိရသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပျဥ်းမကုန်းကျေး ရွာမှ အုပ်ချုပ်ရေးမှူး မြင့်ထွန်းက ယခုရက်ပိုင်း လူငယ်များကို ညပိုင်း လိုက်လံ ဖမ်းဆီး၍ စစ်မှုထမ်းရန် စစ်တပ်ထဲသို့ ပို့ဆောင်ပေးနေကြောင်း၊ စစ်မှုထမ်းလိုပါက လူငယ် ၁ ဦး ငွေကျပ် ၁ သိန်းခွဲပေးရမည်ဟုဆိုကာ လိုက်လံ တောင်းခံလျက် ရှိကြောင်း၊ ရပ်ကွက်အတွင်း နေအိမ်များမှ တစ်လလျှင်ငွေကျပ် ၅၀၀၀ မှ ကျပ် ၁၅၀၀၀ အထိလည်း တောင်းခံနေကြောင်း သိရှိရသည်။
ထို့အတူ စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့ နယ် ဂ အလယ်ပိုင်းတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ဧည့်စာရင်း စစ် ဆေးသည်ဟုဆိုကာ လူငယ် ၃ ဦးကို ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် စစ် တပ်က စစ်ကားဖြင့် တင်ခေါ်ပြီး စစ်မှုထမ်းရန်အတွက် ခေါ်ဆောင်သွားသည်ဟု မိသားစုကို အကြောင်းကြားလာကြောင်း ၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဂအလယ်ပိုင်းမှ လူငယ် ၂ ဦးကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ထပ် မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“ဖမ်းဆီးခံရတဲ့ လူငယ်တွေက ငွေကြေးမတတ်နိုင်တဲ့ သာမာန်လက်လုပ် လက် စားလူငယ်လေးတွေပါ။ ငွေမလိုက်နိုင်တော့ စစ်မှုထမ်းရတာ။ စက်တင် ဘာလ ၂၆ ရက်နေ့မှာ နောက်ထပ် လူငယ် ၂ ဦးကို ထပ်ဖမ်းတယ်။ စုစုပေါင်း ၅ ဦးကို ဖမ်းဆီးတာပါ။ လူငယ်တွေလည်းသိပ်မရှိတော့ဘူး။ လကုန်ရက်ဖြစ်တော့ လူ ငယ်တွေအကုန် ရွာဘက်တွေ ပြေးနေကြရတယ်” ဟု မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ စတင်မည့် စစ်မှုထမ်း အပတ် စဉ် ၆ အတွက် တစ်နိုင်ငံလုံးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ကျယ် ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။