တိုင်းရင်းသားများနှင့် PDF များ လက်နက်စွန့်ပြီး ပါတီနှင့် ရွေး ကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာဖြေရှင်းရန် စစ်ကောင်စီ ၏ ဖိတ်ခေါ်ချက် ခေါ် ပုံ ခေါ်နည်း လိုနေဟု KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တုံ့ပြန်

by

in

တိုင်းရင်းသားများနှင့် PDF များ လက်နက်စွန့်ပြီး ပါတီနှင့် ရွေး ကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာဖြေရှင်းရန် စစ်ကောင်စီ ၏ ဖိတ်ခေါ်ချက် ခေါ် ပုံ ခေါ်နည်း လိုနေဟု KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တုံ့ပြန်
ရန်ကုန်၊ စက်တင်ဘာ၂၇
အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များအနေဖြင့် လက်နက်စွန့်ပြီး ပါတီလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြသနာဖြေရှင်းရန် ဖိတ်ခေါ်ချက်သည် ခေါ်ပုံခေါ်နည်း လိုနေကြောင်း ကချင် KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှတစ် ဆင့် တုံ့ပြန်လိုက်သည်။
စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီ အချိန် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ ရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ဟုဆိုကာ တိုင်း ရင်းသားများနှင့် PDF များ လက်နက်စွန့်ပြီး ပါတီလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် ဖြေရှင်းရန် ဖိတ်ခေါ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အဆိုပါ ကြေညာချက်တွင် စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကို ဖြေရှင်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း နိုင်ငံတော်အာဏာကို ရယူရန် ကြိုးပမ်းလာသည့်အတွက် ၂၀၀ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က အာဏာရယူခဲ့ကြောင်း၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်းနှင့် မဲစာရင်းများ ကောက်ခံတော့မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ လမ်းကြောင်း၊ နိုင်ငံရေးပါတီလမ်းကြောင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လမ်း ကြောင်းကို လက်နက်များ စွန့်ပြီး ဖြေရှင်းကြရန် ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့သည်။
“ဘာကြောင့် အာဏာလွှဲပြောင်း ယူလိုက်ရတာလဲဆိုတာကို ထုချေလွှာ တင်ပြ နဲ့ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ်ချက်ဖြစ်နေ။ ခေါ်ပုံ၊ ခေါ်နည်း နည်းနည်းများ လိုသေလား…လို့ပါ” ဟု ကချင် KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်တွင် သဘောထား ထုတ်ပြန်ရေးသားထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို တစ်စုံတစ်ရာ တရားဝင် တုံ့ပြန် ထုတ်ပြန်ခြင်းမရှိသေးသော်လည်း လက်ရှိကြေညာချက်အရ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရွေးချယ်စရာမရှိတော့သော နောက်ဆုံးအချိန်သို့ ရောက်ရှိလာနေသည့် အခြေအနေကို ထင်ထင်ရှားရှား ပေါ်လွင်စေကြောင်း၊ သို့သော်လည်း စစ်တပ်၏ သဘာ၀အတိုင်း ဟန်ပြများသာ လုပ်နေပြီး နောက်ဆုံးအချိန်အထိ တိုင်းပြည်နှင့် ပြည်သူလူထုကို ချောက်ထဲသို့ ဆွဲနှစ်နေကြောင်း NUG ထိပ်ပိုင်းသတင်းရင်းမြစ်တချို့က သုံးသပ်ပြောဆိုသည်။