အင်းစိန်တွင် စစ်တပ်၏ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရေး ပါဝင်နေသူ ရာအိမ်မှူး မင်းမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး ၊ အင်းစိန်လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား

by

in

အင်းစိန်တွင် စစ်တပ်၏ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရေး ပါဝင်နေသူ ရာအိမ်မှူး မင်းမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး ၊ အင်းစိန်လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် စစ်တပ်၏ ရွေး ကောက်ပွဲ အတွက် သန်းခေါင်စာရင်းကောက်ယူရေးတွင် ပါဝင်နေသူ စျေးပိုင်း ရာအိမ်မှူး မင်းမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် အင်းစိန်မြို့နယ် အောင်ဆန်းစျေးအနီးတွင် ရာအိမ်မှူး မင်းမင်းထွန်းကို ပစ်ခတ်သွားခြင်းဖြစ်ပြီး ပစ် ခတ်မှုကြောင့် အဆိုပါ ရာအိမ်မှူးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ် ဆောင် ခဲ့သော်လည်း ပစ်ခတ်သွားသူများ လွတ်မြောက်သွားခဲ့ကြောင်း၊ ရာအိမ်မှူး မင်းမင်းထွန်းသည် အောက်တိုဘာလ ၁ ရက်နေ့ သန်းခေါင်စာရင်း ကောက် ယူရန် ရပ်ကွက်အတွင်း ဖောင်များဝေငှခြင်း၊ စာရင်းများ ကောက်ယူခြင်း လုပ် ဆောင်နေသည့်အပြင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်ထဲသွင်းရန် လုပ် ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။
” တစ်နေ့ကပဲ သန်းခေါင်စာရင်း အောက်တိုဘာလ ၁ ရက်နေ့ကောက်မှာဆိုပြီး ဖောင်​တွေ လိုက်ပေးနေတယ်။ ဖြည့်ပြီး ရပ်ကွက်ရုံးကို ပို့ဖို့ ရပ်ကွက်ထဲလိုက်ပြောနေတာ။ စစ်မှုထမ်းတွေကို ခေါ်တာလည်း သူပဲ ဦးဆောင်လုပ်နေတာ။ သူက ပျူစောထီးအလုပ်တွေလည်း လုပ်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။
အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ လျှပ်စစ်မီတာရုံးအတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတချို့ပါဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ဆိုကြသည်။
” အုန်းသံ ၂ ချက် အသံက အတော်ကျယ်တယ်။ ပြီးတော့ သေနတ်ပစ်သံလည်းကြားရတယ် ” ဟု ဒေသပြည်သူက ဆိုသည်။
ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော Freeland Attack Force- FLA က ယမန်နေ့ ည ၇နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြိုနယ် လျှပ်စစ်မီတာရုံး၀င်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိနေသောသဲအိတ်ဘန်ကာကို လက်ပစ်ဗုံး၂လုံးအသုံးပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။
ပေါက်ကွဲမှုဖြစ်စဉ်တွင် လက်ပစ်ဗုံး၏ပြင်းအားသက်ရောက်မှုနည်းပါးခဲ့ပြီး ပျက်စီးထိခိုက်မှုအခြေအနေအား အသေးစိတ်မသိရှိရသေးသော်လည်း ရဲဘော်များ အနေဖြင့် ပစ်မှတ်မြိုနယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ရန်ကုန်မြို့ပြကို အကြမ်း ဖက် စစ်ကောင်စီက လုံးဝ အုပ်ချုပ်၍ မရစေဖိုရန် အစွမ်းကုန် တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြိုပြတွင် အများပြည်သူလူထုနှင့်အတူ လျှို့ဝှက်စွာ ရှိနေမည်ဖြစ်ကြောင်း Freeland Attack Force- FLA ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးတွင် သဲအိတ်ဘန်ကာများ ကာရန်ထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)