မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

by

in

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရက်ရှည်ကင်းပုန်းဝပ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၃ ကြိမ်တိုင် ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ MPDF – DEMO တပ်ခွဲထံက သိရပါတယ်။
ဒါ့အပြင် ပြည်သူကို ဖမ်းဆီးကာ ဓားစာခံလုပ်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို စောင့်ကြိုပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ လွတ်မြောက်လာတဲ့ ဓားစာခံပြည်သူတွေထံက သိရကြောင်း MPDF – DEMO က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို DEMO၊ မုံရွာခရိုင်အမှတ်(၁)တပ်ရင်း၊ မုံရွာမြို့နယ်ပကဖနဲ့ မုံရွာမြို့နယ်ပလဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။