အမေရိကန်က NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ကို ပစ်မှတ်ထားဟု စစ်ကောင်စီက စွပ်စွဲချက်ထုတ်ပြန်၊ MNDAA ၊ TNLA နှင့် NUG တို့ စစ်ရေးမဟာ မိတ်ဖွဲ့ထားဟု စစ်ကောင်စီက ထိုးနှက်

by

in

အမေရိကန်က NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ကို ပစ်မှတ်ထားဟု စစ်ကောင်စီက စွပ်စွဲချက်ထုတ်ပြန်၊ MNDAA ၊ TNLA နှင့် NUG တို့ စစ်ရေးမဟာ မိတ်ဖွဲ့ထားဟု စစ်ကောင်စီက ထိုးနှက်
ရန်ကုန်၊ စက်တင်ဘာ ၂၆

အမေရိကန်နိုင်ငံသည် NUG ကို နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ ထုတ်ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက စွပ်စွဲထုတ်ပြန်လိုက်ပြီး MNDAA ၊ TNLA နှင့် NUG တို့သည်လည်း စစ်ရေးမဟာမိတ်ဖွဲ့ထားကြောင်း ထိုးနှက်ပြောဆိုသည်။
MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူတို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး တိုက် ခိုက်နေကြောင်း၊ NUG သည် အမေရိကန်၏ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိ နေပြီး အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ ခန့်ကို သုံးစွဲနေသည်မှာ ထင်ရှားကြောင်း စစ်ကောင်စီက ပြောဆိုသည်။
မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က ထိုသို့ ငွေကုန်ခံဆောင်ရွက်နေခြင်းမှာ မြန်မာနိုင်ငံအတွင်း အမေရိကန်၏ အကျိုး စီးပွားများရှိ၍မဟုတ်ဘဲ ၎င်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံ အား ထိုးနှက်နိုင်ရန်သာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်း များ စွာရှိကြောင်း၊ တရုတ်နိုင်ငံအား ထိန်းချုပ်ရန် အတွက် မြန်မာနိုင်ငံအား ပစ်မှတ်ထားနေခြင်းဖြစ် ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ထုတ်ပြန်ချက်ပြောဆိုချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းစေလိုသည်မှာ NUG အုပ်စုနှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသော အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုသာဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာ့အိမ်နီးချင်းကောင်း ပီသစွာ အပြည့်အဝရပ်တည်ပြီး ကူညီပေးကြောင်း၊နယ်စပ်ဒေသတစ်လျှောက်ရှိ NUG လက်ဝေခံ MNDAA နှင့် TNLA လက်နက်ကိုင် သောင်းကျန်းသူအား ဖိအားပေးကာ နယ်စပ်ဂိတ်များကို ပိတ်ဆို့ ခြင်း အပါအဝင် သောင်းကျန်းသူများ အပေါ်အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း စစ်ကောင် စီ၏ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ နယ်စပ်ဒေသတစ်လျှောက်ရှိ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ အပေါ် ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်လည်ရရှိရေး အတွက်သာ ဖြစ်သည်ဟု ဆိုသည်။