ဟော 🔴 ယာဂိလို မုန်တိုင်းကြီးနောက်တစ်လုံး ” SOULIK “တဲ့ဟေ့..မင်းဂွတ်သီးလေးစုစုစံသတိပေးပြန်ပီ 👇👇👇

—

by

in

သတိထားရမည့် နောက်ထပ် မုန်တိုင်းတစ်လုံး
Yagi ယဂိ လမ်းကြောင်းအတိုင်းရွှေလျှားလာမယ်
the South China Sea. Next Name = Soulik. မုန်တိုင်းအမည်ဖြစ်မယ်
အချိန်ပြည့်နီးပါစောင့်ကြည့်ထောက်လှမ်းနေပါတယ် ရက်ဝေးခန့်မှန်းချက်တွေ ကြိုတင်ခန့်မှန်းချက်ထုတ်ပေးနိုင်ရန်အတွက်ကြိုးစားနေပါတယ်
ISSUED TIME
16/09/2024 2:10pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာမဲ့ လေဖိအားနည်းရပ်ဝန်း(ဖိလစ်ပိုင်အမည်(GENER) အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် စတင်ဖြစ်ပေါ်လာကြောင်းတွေ့ရပါတယ်။
ဖိလစ်ပိုင်မိုးလေဝသဋ္ဌာန ထုတ်ပြန်ချက်မှာ ဖိလစ်ပိုင်နိုင်ငံအတွက် ၇ လုံးမြောက် ဖြစ်တာကြောင့် ၇ လုံးမြောက်အင်္ဂလိပ်အက္ခရာအတိုင်း GENER လို့ အမည်ပေးထားတာတွေ့ရပါတယ်။
ဖိလစ်ပိုင်မိုးလေဝသဋ္ဌာနရဲ့ ကြိုတင်ခန့်မှန်းချက်အရ တောင်တရုတ်ပင်လယ်တွင်းကိုရောက်ရှိပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဟိုင်နန်ကျွန်းကိုဦိးတည်ရွေ့လျားနိုင်ကြောင်း လက်ရှိခန့်မှန်းချက်အရ အပူပိုင်းမုန်တိုင်း(Tropical Storm(TS) အဆင့်အထိရောက်နိုင်ကြောင်း ကနဦးခန့်မှန်းချက်မှာ တွေ့ရပါတယ်။
လက်ရှိ ဖိလစ်ပိုင်အမည် GENER က တောင်တရုတ်ပင်လယ်မှာ ဖြစ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်း YAGI လောက် အားမပြင်းနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရကြောင်း အသိပေးတင်ပြလိုက်ပါတယ်။
GENER ရဲ့ သက်ရောက်မှု စက်တင်ဘာ ၂၂-၂၃ ရက်နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာနိုင်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။
(စက်တင်ဘာ ၁၆ ရက်၊ နံနက် ၉ နာရီခွဲ)