ပွင့်ဖြူတွင် ပျူစောထီးအလောင်းလာကောက်သည့် စစ်တပ်စစ်ကြောင်း ၂ ခုကိုကြား ဖြတ်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၉ ဦးထက်မနည်း ထပ်မံသေဆုံး

by

in

ပွင့်ဖြူတွင် ပျူစောထီးအလောင်းလာကောက်သည့် စစ်တပ်စစ်ကြောင်း ၂ ခုကိုကြား ဖြတ်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၉ ဦးထက်မနည်း ထပ်မံသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၅
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနီးတွင် ပစ်ခတ်ရှင်းလင်းခံရသော ပျူစောထီးအလောင်း ကို လာကောက်သည့် အကြမ်းဖက်စစ်ကြောင်း ၂ ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူ စောထီး ၉ ဦး ထပ်မံသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာမှ ဆိုလာကုန်း ဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်လာသော ပျူစောထီးခေါင်းဆောင် ရာဇာအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရန် တားဆီးစဉ် ဆိုင်ကယ်ရပ်မပေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရပြီးသေဆုံးသွားသော ပျူစောထီးရာဇာ၏ အလောင်းအား ကောက်ယူရန် စလင်းမြို့ နယ်၊ ကံပြားကျေးရွာဘက်မှ စစ်ကား ၃ စီးဖြင့် တက်လာသော အင်အား ၆၀ ခန့်ပါစစ်ကြောင်းကို မွန်းလွဲ ၁ နာရီ အချိန် ဆင်လူးရွာနှင့် မဲဇလီရွာအကြား ခုနှစ်စဉ်ကုန်းအရောက် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့က အနီးကပ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်း ပျူစောထီး ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူများကို မွန်းလွဲ ၃ နာရီအ ချိန်တွင် ဆင်လူးရွာမှ နာရေးကားဖြင့် ခေါက်တုံ့ခေါက်ပြန်သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မိမိတို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းနှင့် Yenanthar Youth Force LPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပျူအလောင်းကို စစ်ကြောင်းနှစ်ကြောင်းနဲ့လာကောက်တာ။ စလင်းကံပြားဘက်ကလည်း လာ တယ်။ ပွင့်ဖြူဝါတပ်ဘက်ကလည်း လာတယ်။ အဲဒီစစ်ကြောင်း နှစ်ကြောင်းကို မဲဇလီရောက်ခါနီး နာရီ ဝက်လောက်ပဲ ခြားပြီး နှစ်နေရာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲ ၂ ကြိမ်မှာ စခ ၉ ဦးထပ် သေတယ်။ ပျူအလောင်းကို မကောက်နိုင်လိုက်ဘူး။ အဲဒါကြောင့် ရွာသူ၊ ရွာသားတွေကပဲ မဲဇလီ ဆေးရုံကို ပို့လိုက်ရတယ်။ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု မင်းဘူးခရိုင် အ မှတ် ၇ တပ်ရင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ ပွင့်ဖြူမြို့နယ်၊ ဝါစိုက်ပျိုးရေးတပ်မှ စစ်ကား ၃ စီးဖြင့် ထွက်လာသော စစ်ကြောင်းကို မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်တွင် မကျည်းစု ကျေးရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက RPG ၊ လက်နက်ငယ်များဖြင့် အနီးကပ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသာပြန်ပစ်နိုင်ပြီး စစ်သား ၈ ဦးထက်မနည်းသေ ဆုံးခဲ့ကြောင်း၊ ကားတစ်စီးလုံးနီးပါး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိသူ စစ် သားအလောင်းများကို ညနေ ၆ နာရီ မိနစ် ၃၀ အ ချိန်တွင် ကောက်ယူသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းနှင့် ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့-ပွင့်ဖြူ ပ.က.ဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။