ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်

by

in

ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်
ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် ဘန်ကာအတွင်းမှ စစ်သားများ လုံခြုံရေးကင်းလဲလှယ်ချိန် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးနိုင် ကြောင်း GOD’S HAND FORCES မှတာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ်ဘန်ကာဂိတ်အတွင်းမှ စစ်သားများနှင့် အပြင်မှ ကားဖြင့်ရောက်ရှိလာ သောအကြမ်းဖက်စစ်သားများ ကင်းအပြောင်းအလဲ ပြုလုပ်စဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ လဲကျသွားကြောင်း သိရသည်။
“ပုံမှန်သူတို့လာနေတဲ့အချိန် ပြောမယ်ဆိုရင်း ကင်းလဲတာပေါ့။ ကားနဲ့လာပြီးကင်းလဲတယ်။ ကင်းလဲ ပြီးတော့ သူတို့ကားအောက်ကို ဆင်းတဲ့အချိန်မှာ အချိန်ကိုက်ကွက်တိလုပ်လိုက်တာဗျ။ ၃ ယောက် ကတော့ လဲကျသွားတယ်။ အတော်လေးကို နီးကပ်တဲ့အခြေအနေမျိုးမှာ ကွဲသွားတာ။ အဲလိုမျိုးဆို တော့ သေဖို့က ၇၀ ရာခိုင်နှုန်းနဲ့ ရှင်ဖို့က ၃၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်၊ တိတိကျကျအတည်ပြုဖို့က‌ တော့ ခက်ခဲနေတယ်” ဟု GOD’S HAND FORCES မှတာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို God’s Hand Forces (GHF) ၏ မြို့ပြတွင် အာဏာသိမ်း စစ်ကောင်စီအနေ နှင့် လုံးဝအုပ်ချုပ်ခွင့်မရ ၊ စစ်ကောင်စီ၏ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာပြန်လည် ဆုတ် ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခု တိုက်ခိုက်မှုသည် M 043 စစ်ဆင်ရေး ” ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဆဌမမြောက် ဖော်ဆောင် မှုဖြစ်ကြောင်း၊ မိဘပြည်သူ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ဒေါက်တိုင်များ ၊ လုပ်ငန်း ဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများကို ဝေးဝေးရာမှ ရှောင်ရှားသွား လာကြ ပါရန် အသိပေး မေတ္တာရပ်ခံထားသည် ။
ဓာတ်ပုံ- ရန်ကုန်ရှိ စစ်တပ်ဘန်ကာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)