အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို

by

in

အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို
ရန်ကုန်၊ စက်တင်ဘာ ၁၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေကြီးရေလျှံမှုကြောင့် ပြည်ပ နိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ပြောဆိုလာကြောင်း သိရှိရသည်။
ယမန်နေ့ နေပြည်တော်နှင့်အနီးတစ်၀ိုက်သို့ ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ် လာသော ပျက်စီးမှုများကို အကြမ်းဖက် မင်းအောင်လှိုင်က သွားရောက် ကြည့် ရှုစဉ် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။
တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက် ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန် အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုသည်။
လက်ရှိ ရေကြီးမှုများ ကြုံတွေ့နေရသည့် ရမည်းသင်း၊ တောင်ငူ ၊ နေပြည်တော် တပ်ကုန်း၊ ဇေယျာသီရိ။ မြ၀တီ၊ တာချီလိတ်၊ ဟိုပုံး၊ ကလော၊ ပျော်ဘွယ်၊ အောင် ပန်း၊ ညောင်ရွှေ၊ ပျဉ်းမနား၊ ပဲခူး၊ ဘားအံ၊ မြစ်သား၊ တံတားဦး၊ လှိုင်းဘွဲ့၊ အုတ်တွင်း။ ကျောက်ဆည်၊ လယ်ဝေး၊ ပေါက်ခေါင်း၊ ကျိုင်းတုံ အပါအဝင် မြို့ပေါင်း ၃၀ ထက်မနည်းတွင် ရေကြီးမှုများ ကြုံတွေ့နေရသော်လည်း အကြမ်း ဖက် စစ်ကောင်စီက ထိရောက်စွာ ကူညီပေးနိုင်ခြင်းမရှိဘဲ ပြည်သူများ အချင်း ချင်းသာ ကူညီမှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ရေကြီးမှုများကို သွားကြည့်နေသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်။