“နေပြည်တော် အတွက် တတိုင်းပြည်လုံး ဝမ်းသာကြရမယ့်သတင်းကောင်းဗျို့”

by

in

“နေပြည်တော် အတွက် တတိုင်းပြည်လုံး ဝမ်းသာကြရမယ့်သတင်းကောင်းဗျို့”

ကြည်တောက်ရှင်းမယ်
၂၀၂၄ စက်တင်ဘာလ ၁၄ရက်နေ့မှ ၁၇ ရက်နေ့အတွင်း
မန္တလေးတိုင်း မကွေးတိုင်း နှင့် နေပြည်တော် မိုးကြီးရေလျှံခဲ့သော ဒေသတွေအားလုံးမှာ နေသာချိန်များစွာရရှိနိုင်ပြီး မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိတော့ပါဘူး ရွာလည်းနေရာကျဲကျဲ မိုးဖွဲဖွဲပါပဲ ရေကြီးရေလျှံကတော့ မိုးကြောင့်တော့ ရေထပ်မံမတိုးနိုင်တော့ပါဘူး
ယခင်လက်ကျန်ရေပဲဖြစ်နိုင်သလို့ ရေအမြန်လျော့ကျသွားနိုင်ပါတယ်
ကြည်နူးပျော်ရွှင်ချမ်းမြေ့ကြပါစေ
ISSUED TIME
13/09/2024 8:21pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

မိုးခွာမုန်တိုင်း
စာကိုသေချာဖတ်ပါ
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသောလေဖိအားနည်းလေဝဲ 93Bသည် နောက်၄၈နာရီအတွင်း ဘင်္ဂလားဒေချ် နိုင်ငံကမ်းခြေဒေသတွေကိုဝင်ရောက်ကာအိန္ဒိယနိုင်ငံအနောက်ဘင်ဂေါပြည်နယ်ကိုသွားရောက်မှာဖြစ်ပြီး
အထက်လေစီးကြောင်းတွေက မြန်မာနိုင်ငံအလယ်ပိုင်းကလေတွေကိုဆွဲယူသွားမှာဖြစ်လို့ လက်ရှိရေကြီးရေလျှံဖြစ်နေ့တဲ့ မန္တလေးတိုင်း နှင့်နေပြည်တော် ဒေသတွေမှာ မိုးခွာသွားတော့မှာဖြစ်လို့ မိုးခွာမုန်တိုင်းလို့အမည်ပေးလိုက်ပါတယ်
အားလုံးဘေးရန်ကင်းကွာကြပါစေ
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

BOB5🌀🌀🌀🌀🌀🌀🌀🌀Tropical Depression 93B
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေသောလေဖိအားနည်းလေဝဲသည် အနောက်ဖက်သို့ဦးဦးရွှေလျှားသွားနေသဖြင့် မြန်မာနိုင်ငံကိုဝင်ရောက်နိုင်ခြင်းမရှိပါဘူး
ရခိုင်ပြည်နယ်မိုးရွာနိုင်ပြီး
ရခိုဂ်ပြည်နယ်မြောက်ပိုင်းမိုးရွာနိုင်ပြီး
ကျန်မြန်မာတစ်နိုင်ငံလုံးမှာတော့
မိုးရွာနိုင်တဲ့အလားအလာ မရှိသလောက်ပါပဲ….
ပျော်ရွှင်ကြည်နူးချမ်းမြေ့ကြပါစေ
ISSUED TIME
14/09/2024 3:43am(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆