တော်လှန်ရေးတပ်တွေ ပုသိမ်ကြီးမြို့ထိ ဝင်ရောက်ပြီး စစ်အုပ်စု စခန်းတွေကို စတင်သိမ်းပိုက်

by

in

တော်လှန်ရေးတပ်တွေ ပုသိမ်ကြီးမြို့ထိ ဝင်ရောက်ပြီး စစ်အုပ်စု စခန်းတွေကို စတင်သိမ်းပိုက်
မှူးအိန်ဂျယ်လ် / MFP၊ ဇူလိုင် – ၃၁
တော်လှန်ရေးတပ်တွေက မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်ထဲထိ ထိုးဖောက်ဝင်ရောက်နေပြီး စစ်အုပ်စု စခန်းတွေ ကို စတင်သိမ်းပိုက်နေပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY- PDFက ဒီကနေ့မှာ ထုတ် ပြန်ပါတယ်။
ပုသိမ်ကြီးနယ်ထဲက အောင်သပြေကျေးရွာ တပ်စခန်း နဲ့ အောင်သပြေကားကွင်း တပ်စခန်းတွေကို ပြည်သူ့ ကာ ကွယ်ရေးတပ်မတော် (မန္တလေး) MDY- PDFနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါ တယ်။
ပုသိမ်ကြီးမြို့နယ်အတွင်းက မြကန်သာကျေးရွာမှာရှိတဲ့ စစ်အုပ်စုတပ်စခန်းကို MDY-PDFနဲ့ တော်လှန်‌ရေးပူး ပေါင်း တပ် စတင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MDY – PDF စစ်ဦးစီးအဖွဲ့က ဖော်ပြပါတယ်။
ဇူလိုင်လ ၂၆ ရက် ညကလည်း ပုသိမ်ကြီးမြို့နယ် စစ်အုပ်စုရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ ၁၁၉၊ ခြေ လျင်တပ်ရင်း ခလရ ၄ တို့ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
မန္တလေးမြို့အနီး၊ ပုသိမ်ကြီးမြို့နယ်၊ စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း- ခမရ ၁၁၆ နဲ့ ၁၁၉ တည်ရှိတဲ့ ဆင်ပွတ်ကြီး ကျေးရွာအနီးမှာ ဇူလိုင်လ ၁၈ရက်က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို စစ်အုပ်စုက ကျေးရွာတွေကို အဝင်အ ထွက် ပိတ်ဆို့ ထားတာကြောင့် ဒေသခံပြည်သူတွေကို ရွာထဲက ထွက်ခွင့်မပေးဘူးလို့ ဆိုပါတယ်။
ပုသိမ်ကြီးမြို့နဲ့ ဆင်ဘွတ်ကြီးရွာကြား၊ မြောင်းဘောင်တစ်လျှောက် စစ်အုပ်စုရဲ့ တပ်မ-၃၃ လက်အောက်ခံ တပ် ရင်းတွေ ဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ- ၄ ၊ ခလရ(၇၆)၊ ခြေမြန်တပ်ရင်း ခမရ – ၁၁၆ နဲ့ ၁၁၉ တပ်ရင်းတွေ ထိ စပ်ပြီး တည်ရှိတာ ဖြစ်ပါတယ်။
ဇွန်လ၂၅ ရက်က စတင်တဲ့ စစ်ဆင်ရေးအတွင်း မတ္တရာနဲ့ ပုသိမ်ကြီး မြို့နယ်အစပ်၊ ပုသိမ်ကြီးမြို့နယ် အောင်သ ပြေ ရွာ အနီးက Alpha ဘိလပ်မြေ စက်ရုံ စစ်အုပ်စုစခန်း အပါအဝင် မတ္တရာမြို့နယ်တွင်းက စစ်အုပ်စု စခန်း ၃၅ ခုကို သိမ်းပိုက် ရရှိထားပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ဒီက နေ့မှာ ထုတ် ပြန်ပါတယ်။
#Mandalay_Free_Press_MFP