ရန်ကုန်တွင် ယနေ့ မွန်းလွဲပိုင်း စက်သုံးဆီဆိုင်အများစုတွင် ဆီများ ပြတ်လပ်နေ၊ မန္တလေးတွင်လည်း ဆီဆိုင်များ ဆီမရှိတော့ဘဲ ပြင်ပစျေးကွက်တွင် ဓာတ်ဆီတစ်လီတာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချ

by

in

မန္တလေးမြို့တွင် စက်သုံး ဆီဆိုင်များ၌ ဆီပြတ်နေပြီး ဆိုင်ကယ် ၁ စီးကို ဆီ ၅၀၀၀ ဖိုးသာ ရောင်းချပေးတော့ ပြင်ပစျေးကွက်တွင် ဓာတ်ဆီတစ်လီတာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချနေ (ရုပ်/သံ)
ရန်ကုန်၊ ဇူလိုင် ၃၁

မန္တလေးမြို့တွင် စက်သုံး ဆီဆိုင်များ၌ ဆီပြတ်နေပြီး ဆိုင်ကယ် ၁ စီးကို ဆီ ၅၀၀၀ ဖိုးသာ ရောင်းချပေးတော့ ပြင်ပစျေးကွက်တွင် ဓာတ်ဆီတစ်လီတာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် မန္တလေးမြို့ ဒေသပြည်သူများသည် စက်သုံးဆီ ဝယ်ယူနိုင်ရေး အလှည့်ကျတန်းစီနေရပြီး ဆီဝယ်ယူနိုင်ရေး အနည်းဆုံး ၂ နာရီခန့် စောင့်ဆိုင်းနေရကြောင်းရကြောင်း၊ စက်သုံးဆီ အရောင်းဆိုင်အများစုတွင် ဆီများ ပြတ်လပ်နေပြီး ပြည်သူများ ကြိတ်ကြိတ်တိုး ဝယ်ယူနေရကြောင်း၊ ဓာတ်ဆီပြင်ပ မှောင်ခိုစျေးကွက်လည်းဖြစ်ထွန်းနေပြီး ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၅၀၀၀ အထိ စျေးမြှင့်တင်ရောင်းချနေကြကြောင်း သိရှိရသည်။
” ဓာတ်ဆီ ၁ လီတာကို ၅၀၀၀ ၊ တချို့လည်း ၆၀၀၀ တောင် ခေါ်ရောင်းနေတယ်။ မန္တလာသီရိဘောလုံးကွင်း နားမှာ ရောင်းတယ်။ အဖမ်းအဆီးရှိတော့ မှောင်ခိုဆီဆိုင်လေးတွေက Mobile ပုံစံနဲ့ ရွှေ့ပြီးရောင်းနေတာ။ မန္တလေးမြို့ရဲ့ လက်ရှိ စက်သုံးဆီ ဝယ်ယူရရှိဖို့က လမ်းဘေးMobile ဆီဆိုင်လေးတွေမှာတောင် တန်းစီ စောင့်ဆိုင်းဝယ်ယူနေရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ရှင်းပြသည်။
ရန်ကုန်စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာ ၂၆၃၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၇၅၀ ကျပ် ဖြစ်ပြီး မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် 92 ဓာတ်ဆီ တစ်လီတာ ၂၇၁၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၈၃၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားကြောင်း သိရှိရသည်။

ရန်ကုန်တွင် ယနေ့ မွန်းလွဲပိုင်း စက်သုံးဆီဆိုင်အများစုတွင် ဆီများ ပြတ်လပ်နေ၊ မန္တလေးတွင်လည်း ဆီဆိုင်များ ဆီမရှိတော့ဘဲ ပြင်ပစျေးကွက်တွင် ဓာတ်ဆီတစ်လီတာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချ
ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်မြို့တွင် ယနေ့ မွန်းလွဲပိုင်း စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဆီးများ ပြတ်လပ်နေပြီး မော်တော်ယာဉ်များမှာ ဆီရရှိရေး အတွက် ဆီရောင်းနေသော ဆိုင်အနည်းငယ်တွင် တိုးကြိတ် တန်းစီနေရကြောင်း ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဓာတ်ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင်မူ ရန်ကုန်ဆီဆိုင်အများစုတွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း၊ ဆီရောင်းချသော ဆိုင်တချို့တွင်လည်း ကားများ တန်းစီ တိုးဝှေ့နေရကြောင်း သိရှိရသည်။
“မနက်တုန်းက ဆီထည့်ရတာ အဆင်ပြေသေးတယ်။ အခု မွန်းလွဲ ၂ နာရီကျော်တော့ ဆိုင်တော်တော်များများမှာ 92 နဲ့ 95 ဓာတ်ဆီမရတော့ဘူး။ ရတဲ့ဆိုင်တွေမှာလည်း ကြိတ်ကြိတ်တိုးနေရတယ်။ ညနေပိုင်းတစ်ခေါက်တော့ ဆိုင်တွေက ဆီရမယ်တော့ပြောတယ်။ ညနေပိုင်း ပြန်တန်းစီပြီး ဖြည့်ရမယ်”ဟု တက္ကစီယာဉ်မောင်းက ရှင်းပြသည်။
အလားတူ မန္တလေးတွင်လည်း စက်သုံးဆီ အရောင်းဆိုင်အများစုတွင် ဆီများ ပြတ်လပ်နေပြီး ပြည်သူများ ကြိတ်ကြိတ်တိုး ဝယ်ယူနေရကြောင်း၊ ဓာတ်ဆီပြင်ပ မှောင်ခိုစျေးကွက်လည်းဖြစ်ထွန်းနေပြီး ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၅၀၀၀ အထိ စျေးမြှင့်တင်ရောင်းချနေကြကြောင်း သိရှိရသည်။
” ဓာတ်ဆီ ၁ လီတာကို ၅၀၀၀ ၊ တချို့လည်း ၆၀၀၀ တောင် ခေါ်ရောင်းနေတယ်။ မန္တလာသီရိဘောလုံးကွင်း နားမှာ ရောင်းတယ်။ အဖမ်းအဆီးရှိတော့ မှောင်ခိုဆီဆိုင်လေးတွေက Mobile ပုံစံနဲ့ ရွှေ့ပြီးရောင်းနေတာ။ မန္တလေးမြို့ရဲ့ လက်ရှိ စက်သုံးဆီ ဝယ်ယူရရှိဖို့က လမ်းဘေးMobile ဆီဆိုင်လေးတွေမှာတောင် တန်းစီ စောင့်ဆိုင်းဝယ်ယူနေရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ရှင်းပြသည်။
ရန်ကုန်စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာ ၂၆၃၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၇၅၀ ကျပ် ဖြစ်ပြီး မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် 92 ဓာတ်ဆီ တစ်လီတာ ၂၇၁၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၈၃၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- မန္တလေးတွင် ပြင်ပမှောင်ခိုဆီဆိုင်များမှ စက်သုံးဆီ ဝယ်ယူနေကြသူများနှင့် ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်တချို့ ယနေ့ မွန်းလွဲပိုင်း ဆီမရှိ၍ ခေတ္တ အရောင်းရပ်ထားစဉ်။