အားလုံး share ရန် ကြိုတင်သိရှိ ပြင်ဆင်ကြလော့

by

in

အားလုံး share ရန်
ကြိုတင်သိရှိ ပြင်ဆင်ကြလော့
မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ရှိဒေသ မြိုရွာတွေအားလုံးမှာ မိုးကြီးနိုင်ပြီး
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမတောင်တန်းကြီးပေါ်မှာ
၂၀၂၄ စက်တင်ဘာလ ၁၂ရက်နေ့ ၁၃ရက်နေ့ ၂ရက်ဆက်တိုက် စုစုပေါင်းမိုးရေချိန် ၃၀၀မီလီမီတာမှ ၄၈၀မီလီမီတာအထိ မိုးကြီးနိုင်သဖြင့် ယောချောင်း စလင်းချောင်း နွယ်တမယ်ချောင်း မုန်းချောင်း မန်းချောင်း စပွတ်ချောင်း မင်းတုန်းချောင်းများသည် တောင်ကျရေများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ပါသဖြင့် ချောင်းနီးမြေနိမ့်နေရာဒေသနေထိုင်ကြသူများအနေဖြင့် မြေမြင့်ဘေးကင်းလုံခြုံတဲ့နေရာတွေကိုပြောင်းရွှေနေထိုင်ကြပါလို့တိုက်တွန်းနိုးဆော်လိုက်ပါတယ်
ဘေးအန္တာရယ်ကင်းကြပါစေ
ISSUED TIME
12/09/2024 5:07am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

စစ်ကိုင်းတိုင်း ကလေးမြို့
၂၄နာရီအတွင်းမိုးကြီးနိုင်ပါတယ်
ISSUED TIME
12/09/2024 8:13am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

🌧🌧🌧🌧🌧🌧🌧🌧🌧🌧
၂၄နာရီအတွင်း
စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်ပြီး
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်
မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက် ရခိုင်ရိုးမပေါ်မှာမြစ်ဖျားခံသောချောင်းများအားလုံး တောင်ကျရေများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ပါတယ်…🌧🌧🌧🌧🌧🌧
ဘေးအန္တာရယ်ကင်းကြပါစေ
ISSUED TIME
12/09/2024 6:44am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

မုန်းချောင်းရေသတိပြုကြပါ 🌧🌧🌧
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

မုန်းချောင်းရေ 🌧🌧🌧🌧🌧
12.9.24
မုန်းချောင်းတမံ
မနက်၆နာရီရေမှတ်523.2 ပေ
ကန်ရေပြည့်အမှတ် 520.0ပေ
ရေကျော်အမှတ် 3.2 ပေ
မိုးရေချိန် 3.31လက္မ
ကြီးအုံကြီးဝတမံ
မနက်၆နာရီရေမှတ် 342.4 ပေ
ကန်ရေပြည့်အမှတ် 340.0ပေ
ရေကျော်အမှတ် 2.4 ပေ
ရေမှတ်တွေတော့တိုးလာပါပြီ
နေ့စဉ်တင်တဲ့ရေမှတ်များကြည့်ပြီး
ကြိုတင်ချိန်ဆတွက်ဆနိုင်ကြပါစေ
အားလုံးသောသူငယ်ချင်းအပေါင်း
စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာ
ခြင်းနှင့်ပြည့်စုံကြ၍ကပ်ဘေးအပေါင်းမှကင်းဝေးကြပါစေခင်ဗျား
source Koko Htwe (MONE)
ချစ်သော စေရာ

မိုးကြီးရေလျှံသတိ
🌧🌧🌧🐟🐟🐟🌧🌧🌧
၂၄နာရီအတွင်း
ရခိုင်ရိုးမတောင်တန်းကြီးပေါ်နှင့်
ရခိုင်ပြည်နယ်ကြီးမှာ ထူးကဲမိုးတွေရွာပြီး မိုးကြီးရေလွှမ်းနစ်မြုပ်မှုတွေဖြစ်နိုင်ပါတယ် မြစ်နီးချောင်းနီနေကြသူများအန္တရာယ်ရှိပါတယ် မကွေးတိုင်းဧရာဝတီမြစ်အတွင်းစီးဝင်သောချောင်းများလည်းအန္တရာယ်ရှိပါတယ်
အားလုံးshare ပေးကြပါ
ဘေးအန္တရာယ်ကင်းကြပါစေ
ISSUED TIME
11/09/2024 6:56pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆