သပိတ်ကျင်း PDF များ၏ အိမ်ပြန်ခရီးကို ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုမှု

by

in

သပိတ်ကျင်းမြို့နယ် PDF တပ်ဖွဲ့၏ လေ့ကျင့်ရေးနှင့် အင်အားစုဖွဲ့ရေး တာဝန်ခံ နှင့် ရဲဘော်များ၏ အိမ်ပြန်ခရီးကို ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် PDF တပ်ဖွဲ့၏ လေ့ကျင့်ရေးနှင့် အင်အားစုဖွဲ့ရေး တာဝန်ခံ နှင့် ရဲဘော်များ၏ အိမ်ပြန်ခရီးကို ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြောင်း သပိတ်ကျင်း ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ အိမ်ပြန်ခရီးစဉ်ကို သပိတ်ကျင်းမြို့နယ် တာဝန်ခံမှ လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီး မိသားစုနှင့်အတူ ထပ်တူဝမ်းမြောက်ကြောင်း၊ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ဆုမွန်ကောင်းပါးအပ်ကြောင်း ပကဖ တာဝန်ခံက ဆက်လက်ပြောဆိုသည်။