“စုစုစံသတိပေးထားတဲ့အတိုင်းမုန်တိုင်မိုးတွေကြမ်းပြီး နေအိမ်ဒုတိယထပ်တွေအထိရေတွေကြီး ကူကယ်ရာမဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံကမြို့ကြီးရုပ်သံ

by

in

တာချီလိတ်မြို့ပေါ် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ပုန်းထွန်ရပ်ကွက်အတွင်း လမ်းသွယ်များအနက် ပုန်းထွန်(၁)လမ်းမှာ အခြားလမ်းများထက် ရေဝင်ရောက်မှု သက်သာသလိုရှိသော်လည်း ရေများမှာ ပထမအထပ်ထိ ဝင်ရောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
(၁)လမ်းတွင် နေထိုင်သူအချို့၏ ပြောပြချက်အရ ရေမှာ အနည်းငယ် ကျနေသည်ဟု ဆိုသော်လည်း အခြား လမ်းသွယ်များတွင် ရေကျဆင်းမှု မသိသာသေးကြောင်း သိရသည်။
အခြားလမ်းသွယ်များမှာ နေအိမ်၏ ဒုတိယထပ်အထိ ဝင်ရောက်နေသည့်အတွက် ပိတ်မိနေသူ တော်တော်များများ ရှိနေပြီး အစားအသောက်မရရှိသေးသူ များပြားကြောင်းလည်း သိရသည်။
လက်ရှိတွင် ကယ်ဆယ်ရေး နှင့် အစားအစာ ဝေငှရေးအပိုင်းအနေဖြင့် သက်ဆိုင်ရာ ဖွဲ့စည်းပြီး လုပ်ဆောင်နေသည့် အဖွဲ့များကို မတွေ့ရသေးသော်လည်း ရပ်ကွက်အတွင်း စေတနာရှင် အစုအဖွဲ့များက ရေစီးသန်နေသည့် အခက်အခဲများအကြား လက်လှမ်းမီသမျှ လိုက်လံ ပေးဝေနေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်အစောပိုင်းကစတင်ပြီး ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ ရေကြီးရေလျှံမှုများမှာ ဆိုးရွားစွာ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

ကလောမြို့ ရေဆက်တက်နေ

ရှမ်းပြည်နယ်တောင်ပိုင်း ကလောတစ်မြို့လုံး ရေကြီးရေလျှံဖြစ်နေပြီး ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် ရေဆက်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ကလောမြို့၌ ဖုန်းလိုင်းများပြတ်တောက်နေကာ မြေနိမ့်ပိုင်းရပ်ကွက်တချို့ ရေမြုပ်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်ဟုလည်း သိရသည်။
ကလောမြို့အဝင် ရေယားအတက်၊ အဆင်းလမ်းတလျှောက်တွင် မြေပြိုကျကာ သစ်ပင်များလဲကျနေသဖြင့်ကားများ သွားလာရခက်ခဲနေသည်ဟုလည်း သိရသည်။

ပျော်ဘွယ်မြို့ ရပ်ကွက်တချို့ ရေမြုပ်နေ

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် မြို့သစ်ရပ်ကွက်နှင့် ရွှေပြည်ရန်လုံရပ်ကွက်ရှိ နေအိမ်များ ရေနစ်မြုပ်နေကြောင်း သိရသည်။
မိုးသည်းထန်ရွာသွန်းပြီး ရေမြင့်တက်လာသဖြင့် နေအိမ်များ ရေနစ်မြုပ်နေခြင်းကြောင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ ဒေသခံများကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်ဟု သိရသည်။

တပ်ကုန်းမြို့နယ်အတွင်း ချောင်းခွကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်အတွင်း ပိတ်မိနေ

* * * * *
နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ချောင်းခွကျေးရွာအတွင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းကြောင့် နေအိမ်အတွင်း ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

Photo: Nan Dar Win

ဆီဆိုင်မြို့နယ်အတွင်းက နောင်ဆိုင်ရွာ စာသင်ကျောင်း တောင်ကျရေကြောင့် ပျက်စီး

* * * ** *
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စုအတွင်း နောင်ဆိုင်ကျေးရွာရှိ စာသင်ကျောင်းသည် တောင်ကျရေကြောင့် ပျက်စီးမှု ဖြစ်ပွားနေသည်ကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်အစောပိုင်းတွင် တွေ့ရသည်။

Photo: ပအိုဝ်ႏလိုꩻယွဲး

သောင်ရင်းမြစ်ရေမြင့်တက်ကာ မြဝတီမြို့ရေကြီးနေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင်လည်း သောင်ရင်းမြစ်ရေမြင့်တက်ကာ ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်များရေမြုပ်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေအရ အမှတ်(၁)ချစ်ကြည်ရေးတံတားဘောင်နှင့် မြစ်ရေတို့ ထိနေပြီဖြစ်သော်လည်း သွားလာ၍ရသေးသည်ဟု သိရသည်။
သောင်ရင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြဝတီမြို့အမှတ် (၅)ရပ်ကွက်၊ သရက်ပင်ဂိတ်တို့ရှိ လူနေအိမ်များမှင့် အနိမ့်ပိုင်းနေရာများ
ရေမြှုပ်နေပြီဟုလည်း သိရသည်။

Photo: ဘီဝမ်း၊ ယုဇနမောင်