တပ်ကုန်းအပါအဝင် ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်မြို့နယ်များတွင် ရေကြီးနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေ

by

in

တပ်ကုန်းအပါအဝင် ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်မြို့နယ်များတွင် ရေကြီးနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေ
ဇေအောင်/People’s Spring

နေပြည်တော် တပ်ကုန်းမြို့နယ်အပါအဝင် ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်စ​သော မြန်မာ နိုင်ငံအလယ်ပိုင်းမြို့နယ်များတွင်ပါ ရေကြီးနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။
ယမန်နေ့(စက်တင်ဘာ ၁၀) ကတည်းက ဆက်
တိုက်ရွာသွန်းနေသောမိုးကြောင့် နေပြည်တော် တပ်ကုန်းမြို့နယ်တွင်နဝင်းချောင်းနှင့်တောင်ကျ
ချောင်းရေများတက်လာ၍ မြို့ပေါ်ရပ်ကွက်များ၊ ရှောက်ကုန်းရွာ၊လက်ပံကုန်းရွာ၊ မန်ကျည်းပင်ရွာ၊ ချောင်းခွရွာအပါအဝင် ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးများအရေးပေါ်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
“အုတ်တံတိုင်းတွေလည်း ပြိုတယ်။ ရေက ၅ပေ၊၆ ပေလောက်ရှိတယ်။ပိတ်မိတဲ့သူတွေလည်းရှိတယ်။ရေကတက်နေတုန်းပါ။ မြုပ်တဲ့အိမ်ကမြုပ်နေပါပြီ။ ကယ်ဆယ်ရေးအကူအညီလိုတယ်။”ဟု ရှောက်ကုန်းရွာဒေသခံတစ်ဦးက ပြောသည်။
ပြည်သူအများအပြားလည်း ပိတ်မိနေ၍ ကယ်
ဆယ်ရေးများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
“တပ်ကုန်း မြို့ပေါ်ပါ ရေဝင်နေပြီ ဆိုလို့ အရေးပေါ်သွားဖို့ ကားပေါ်ပဲရှိသေးတယ်။ရမည်းသင်း၊ ပျော်
ဘွယ်၊ တပ်ကုန်း၊ အကုန်စိုးရိမ်ရေမှတ် အခြေအ
နေဖြစ်နေပြီ။ တပ်ကုန်းကို ဘယ်အပေါက်ကမှ ဝင်လို့မရတော့ဘူး။”ဟု နေပြည်တော်ရှိလူမှုကူညီရေး
အသင်းသားတစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။
အလားတူ ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ရေကြီးနေ၍ စိုက်ပျိုးထားသော သီးနှံများပျက်စီးသွားကြောင်း ဆားတောင်စံပြကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက်အချို့နှင့် ​ကျေးရွာအချို့ ရေကြီး
နေပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ပါ ရေလျှံနေကြောင်း ဒေသခံများက ပြောသည်။
အလားတူကျောက်ဆည်မြို့တွင်လည်း ဇော်ဂျီမြစ်ရေလျှံ၍ မြို့ပေါ်ရပ်ကွက်အများအပြား ရေနစ်မြုပ်နေပြီး မင်းရဲဆည်နှင့် ဇီးတောဆည်အခြေ
အနေကို စောင့်ကြည့်နေရကြောင်း ကျောက်ဆည်မြို့ခံများက ပြောသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာသည့် တိမ်တိုက်​များနှင့် လေပွေလှိုင်း​များကြောင့်စက်
တင်ဘာလ ၉ရက်မှ စက်တင်ဘာလ ၁၂ရက်အတွင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ကရင်
ပြည်နယ်၊ ကရင်နီပြည်နယ်၊ရှမ်းပြည်နယ်တို့မှာမိုးကြီးနိုင်ပြီး ရေဘေးနှင့် မြေပြိုမှုဘေး အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တ
ရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန
(MOHADM)က သတိပေးချက်ထုတ်ပြန်ထား
သည်။
မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊မန္တလေး
တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရှမ်း
ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ
တိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ
တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ကချင်၊ ရှမ်း(မြောက်ပိုင်း)နှင့် ကယားတို့တွင် ၄ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။
(နေပြည်တော်တပ်ကုန်း အပါအဝင် ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်မြို့များရေကြီးနေသည်ကို တွေ့ရစဥ်။ဓါတ်ပုံ-CJ)