“မုန်တိုင်း အရေးပေါ် အထူးသတိထားရမယ့် မြို့ဒေသများ ကြေညာ”

by

in

“မုန်တိုင်း အရေးပေါ် အထူးသတိထားရမယ့် မြို့ဒေသများ ကြေညာ”

“မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသအချို့မှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်မည့်အခြေအနေ သတိပေးခြင်း”
မနက်ဖန် စက်တင်ဘာ ၁၁ နဲ့ နောက်တရက် ၁၂ ရက်နေ့တွေမှာ လေပွေလှိုင်းက အမြင့်ပေ ၃၀၀၀ မှ မန္တလေးမြောက်ဘက်ကကပ်ပြီး အနောက်ဘက်ကို ရွေ့တဲ့အခါ –
မန္တလေး၊ မြင်းမူ၊ မုံရွာမြို့များနဲ့ အနီးတဝိုက်မှာ မိုးသည်းထန်ပြီး လေပြင်း တနာရီ မိုင် ၃၀ ခန့်အထိ တိုက်နိုင်ပါမယ်။
(စက်တင်ဘာ ၁၀ ရက် ည ၆ နာရီ ၂၀ မိနစ်)

ပစိဖိတ်အနောက်မြောက်၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ပင်လယ်ဘက်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း FOUR သည် .. CAT-3 class ဟာရီကိန်းမုန်တိုင်းအဆင့်ရောက်နိုင်ပြီး၊ တရုတ်ပြည်မ အရှေ့တောင်ဘက်ကမ်းခြေသို့ ဦးတည်ရွေ့လျှားမည်ဟု ခန့်မှန်းထားသည်။
Reference: CIMSS, JTWC
စက်တင်ဘာ ၁၀ ရက် ၊ ညနေ ၄ နာရီခွဲ