အသေခံမတိုက်ဘဲ တိုက်ပွဲမှထွက်ပြေးသည့်အတွက် ဒုစကခမှူးအပါအဝင် တပ်မမှူးအချို့ကို စစ်ကောင်စီ သေဒဏ်ပေး

by

in

အသေခံမတိုက်ဘဲ တိုက်ပွဲမှထွက်ပြေးသည့်အတွက် ဒုစကခမှူးအပါအဝင် တပ်မမှူးအချို့ကို စစ်ကောင်စီ သေဒဏ်ပေး
မြရာ/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

ရှမ်းမြောက်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲတွင် အသေ ခံမတိုက်ဘဲ ထွက်ပြေးဆုတ်ခွာခဲ့သည့် ဒုစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (ဒုစကခမှူး) အပါအဝင် တပ်မမှူးအချို့ကို စစ်ကောင်စီက သေဒဏ်နှင့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။
တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၅ ရက်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ကျောက်မဲမြို့ပေါ်ရှိ တပ်ရင်းတပ်ဖွဲ့အားလုံးကို သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးဆုတ်ခွာခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ကျောက်မဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ မြို့ကိုလက်လွှတ်ပြီး တပ်ရင်း၊ ဌာနချုပ်များကို စွန့်ခွာထွက်ပြေးခဲ့သည့် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုစကခမှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုးနှင့် တပ်မ (၁၁) မှ တပ်မမှူး ဗိုလ်မှူးချုပ် နေဝင်းမောင် တို့ကို သေဒဏ် စစ်ကောင်စီကချ မှတ်လိုက်ကြောင်း သိရသည်။
“စစ်ခုံရုံးတင်ပြီး ဖမ်းဆီးပြီး အသီးသီးပြစ်ဒဏ်ချလိုက်တာပါ။ နောက်တန်းပြန်ပြေးခြင်းရဲ့ အကျိုး ကျေးဇူးပါပဲ”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စကခ-၁ ဒုစကခမှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုးနှင့် တပ်မ (၁၁) မှ တပ်မမှူးဗိုလ်မှူးချုပ် နေဝင်းမောင်တို့ကို စစ်ကောင်စီက ခွာစစ်ဆင်မှုဖြင့် သေဒဏ်ပေးခဲ့ခြင်းဖြစ်ပြီး တပ်မ (၉၉) မှ ဒုတပ်မမှူး ဗိုလ်မှူးကြီးညီညီမောင် (DSA 42)ကိုမူ မူဆယ်မြို့တွင် ကျားဖြန့်အွန်လိုင်းငွေ ကြေးလိမ်လည်မှုများနှင့်ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ် အသီးသီးချမှတ်ခဲ့ကြောင်း စစ်တပ်၏ အတွင်းသတင်းအချို့နှင့် စစ်ရေးသုံးသပ်ချက်များကို ဖော်ထုတ်ရေးလေ့ရှိသည့် CDM ဗိုလ်ကြီး ဇင်ယော်က အတည်ပြုပြောသည်။
ဖမ်းဆီးခံရပြီး သေဒဏ်နှင့် ထောင်ဒဏ်အသီးသီးချမှတ်ခံရသည့် ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ်တို့ကို ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့တွင် အိုးဘိုအကျဉ်း ထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ညီနောင်မဟာမိတ်အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးအဖြစ် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီစိုးမိုး ထားသည့်မြို့နယ်များကို သိမ်းပိုက်ခဲ့ရာ ဇန်နဝါရီ ၄ ရက်နေ့တွင် လောက်ကိုင်ဒကစ တစ်ခုလုံးကို ရရှိပြီး စစ်ကောင်စီ၏ စစ်အင်္ဂါစဉ်တွင် လုံးဝကွယ် ပျောက်သွားခြင်းဖြစ်သည်။
ယင်းသို့ စစ်အင်္ဂါစဉ်ကွယ်ပျောက်၍ ရုံးထိုင်စရာနယ် မြေပင်မရှိတော့သည်ကို လောက်ကိုင်ဒကစမှူး အသစ် ထပ်မံခန့်အပ်ခဲ့ပြီး အမှတ် (၁) စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ်သို့ ရွှေ့ပြောင်းရုံးထိုင်စေခဲ့သည်။
ထို့အပြင် သိမ်းဆည်းခံလိုက်ရသည့် ရှမ်းမြောက်မှ တပ်အများစုကို ပူးပေါင်း၍ ကျောက်မဲတွင် တပ်စခန်း သစ်များဖွင့်လှစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲတွင် အထိုင်ချတပ်စွဲထားသည့် စကခ ၁၊ ခမရ ၅၀၁၊ ခမရ ၅၀၂၊ အမတ ၃၅၂ တို့မှ တပ်မိသား စုဝင်များနှင့် အရာရှိအချို့သည် မဟာမိတ်တပ်ပေါင်းစုများ လာရောက်မတိုက်ခိုက်မီ လအစောပိုင်းကတည်းက အရေးပေါ်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် ကျောက်မဲမြို့သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် TNLA နှင့်ပူးပေါင်းအဖွဲ့ က ၄ မြို့မြောက် သိမ်းပိုက်ထိန်းချုပ်နိုင်သည့် မြို့ဖြစ်ပြီး အုပ် ချုပ်ရေးပိုင်းကို အကောင်အထည် ဖော်ဆောင်ရွက်မှု များလုပ်ဆောင်နေပြီဖြစ်သည်။
ဓာတ်ပုံ-TNLA
ပုံစာ-ကျောက်မဲမြို့ပေါ်တွင်တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)